ဒေါ်လာကြောင့် ၆ ယောက် အမှုဖွင့်ခံထားရပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ တွဲဘက်စာရင်းစစ်ကို အောက်တိုဘာ ၁၆ ရက်နေ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၉ အရ ပန်းဘဲတန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။



 



ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ တွဲဘက်စာရင်းစစ် ဦးညီညီဦး(ခ)လှလေးစိန် ကို ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်မရဘဲ နိုင်ငံခြားသုံးငွေ ရောင်းဝယ်/ဖောက်ကား မှုပြုလုပ်တယ်ဆိုပြီး အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) က တရားလိုလုပ်အမှုဖွင့်လိုက်တဲ့အတွက် ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်တာဖြစ်တယ်လို့ရဲအရာရှိက အောက်တိုဘာ ၁၆ ရက်နေ့ကDuwun ကိုပြောပါတယ်။



"ဒီနေ့ နေ့လည်လောက်မှာ အမှုဖွင့်တာပါ။ စစစ က တရားလိုလုပ်ပြီးတိုင်ကြားတဲ့အတွက် ကျွန်တော်တို့က အမှုဖွင့်ပေးတာပါ။"လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။



အခုချိန်ထိ စစစ က တရားလိုလုပ်အမှုဖွင့်ခဲ့တာ ၅ မှုအထိရှိခဲ့ပြီဖြစ်ပြီး အခုတစ်မှုပါထပ်ပေါင်းမယ်ဆိုရင်တော့ စုစုပေါင်း အမှု ၆ ခုရှိသွားပါပြီ။ ဒါဟာ သမ္မတရုံးရဲ့ ညွှန့်ကြားမှုနဲ့ လည်းသက်ဆိုင်လိမ့်မယ်လို့ လုပ်ငန်းရှင်တွေက ပြောဆိုမှုတွေရှိနေပါတယ်။



ဒီအမှုဟာ ဒေါ်လာဈေးကစားတဲ့ ကိစ္စကြောင့်သာဖြစ်ပြီး ရွှေကိစ္စနဲ့ မသက်ဆိုင်ဘူးလို့လည်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ပြည်တွင်းမှာ ရွှေဈေး၊ ဒေါ်လာဈေးနဲ့၊ ဆီဈေးတွေတက်ပေမယ့်လည်း ဒေါ်လာဈေးနဲ့ တိုင်ကြားအမှုဖွင့်မှုသာရှိပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က