စစ်ဆေးနေတယ်လို့ ပြောပါတယ်။

မော်လမြိုင်မှာယာဉ်ထိန်းရဲ နဲ့ အရပ်သားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ နိုင်ပိုက်ထွေးဆိုသူကို ဖမ်းမိခဲ့တယ်လို့ မြိုင်သာယာနယ်မြေရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ဓူဝံကိုပြောပါတယ်။



 

44140254-160277828248153-2824863130893418496-n.jpg 

“ ဖမ်းမိတာတော့ဟုတ်ပါတယ်။အခုတော့ စစ်ဆေးနေဆဲဖြစ်ပါတယ်။ ” လို့ ရဲအရာရှိက ပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့က လိုင်စင်မဲ့ယာဉ်တစ်စီးကို ယာဉ်ထိန်းရဲက တားဆီးစစ်ဆေးတဲ့အချိန်မှာ မရပ်တန့်ဘဲမောင်းပြေးခဲ့တာကြောင့် ယာဉ်ထိန်းရဲက ဆိုင်ကယ်နဲ့ အနောက်က လိုက်ခဲ့ပြီးတော့ မြိုင်သာယာရပ်ကွက်စစ်မောင်လမ်းနဲ့ သမိန်ဗရမ်းလမ်းထောင့်မှာ ပိတ်ဆို့တားဆီးခဲ့ရာမှာ ယာဉ်ထိန်းရဲမောင်းလာတဲ့ဆိုင်ကယ်နဲ့ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ခဲ့ပြီးတော့ သေနတ်နဲ့ ငါးချက်ပစ်ခတ်ခဲ့တယ်လို့ မြိုင်သာယာရဲစခန်းက ပြောထားပါတယ်။

ယာဉ်တိုက်မှုကျူးလွန်ပြီး သေနတ်နဲ့ ပစ်ခတ်သွားသူ နိုင်ပိုင်ထွေးကို ပုဒ်မ ၃၃၃ ၊ပုဒ်မ ၃၀၇ ၊မူးယစ်ပုဒ်မ ၁၉(က) / ၂၁ နဲ့ အမှုဖွင့်ထားတာဖြစ်ပြီး ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

အဲ့ဒီလို ပစ်ခတ်ခဲ့တာကြောင့် ယာဉ်ထိန်းရဲနဲ့ အရပ်သားတို့ သေနတ်ထိမှန်သွားခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့ ကားပေါ်မှာလည်း မူူးယစ်ဆေးဝါးတွေ့ရှိတယ်လို့ပြောဆိုထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က