ပြန်လည်ကောင်းမွန်လာကြပါပြီ။

ထားဝယ်မြို့၊ ပညာရေးကောလိပ်၌ (PPTT) မူလတန်းကြို ဆရာအတတ်သင် သင်တန်းအမှတ်စဉ်(၅/၂၀၁၈)က သင်တန်းသား ၁၀ ယောက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၈ ရက်နေ့ က ထုတ်ပြန်ပါတယ်။

 



Photo - ထားဝယ်သတင်း

 



၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၁ နာရီလောက်က မျိုးဆန်းဦး သင်တန်းသား အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၉ ရောက်ဟာ အာ့အန်၊ဝမ်းပျက် တာတွေဖြစ်တာကြောင့် ထားဝယ် ပြည်သူ့ဆေးရုံကြီးမှာ တင်ပို့ကုသခဲ့ရပါတယ်။



လတ်တလောမှတော့ အစာအဆိပ်သင့်တဲ့သူတွေအားလုံးဟာ အခြေအနေပြန်ကောင်းလာပြီဖြစ်တယ်လို့သိရပြီး ဆက်လက်ဆေးကုသမှုခံယူနေကြပါတယ်။ အစာအဆိပ်သင့်တဲ့ ဖြစ်စဉ်ဟာ အာက်တိုဘာလ ၁၆ ရက်နေ့ ညနေစာအဖြစ် ငါးသေတ္တာနဲ့ အာလူးဟင်း၊ ကော်ဖီနှင့် ကြက်ဆီထမင်းတွေကို စားသုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။



တကယ်တမ်မှာ အစာအဆိပ်သင့်သူပေါင်း ၄၀ ကျော်ရှိခဲ့ပြီး ကျန်တဲ့သူတွေကတော့ သိပ်ဆိုးဝါးတာမျိုးမဟုတ်တဲ့ အတွက် ပြင်ပလူနာဌာနမှာပဲ ပြပြီးပြန်သွားကြတယ်လို့ ထားဝယ်မြို့နယ်ဆေးရုံက တာဝန်ကျဆရာဝန်ကပြောပါတယ်။



"ခုတော့ အားလုံးပြန်ကောင်းနေပါပြီး၊ စိုးရိမ်စရာမရှိတော့ပါဘူး။ ခဲ ပါပြီး သက်တမ်းလွန်တဲ့ အစားအစာကို စားမိခဲ့လို့ဖြစ်တယ်လို့ထင်ပါတယ်။"လို့ ဆရာဝန်ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က