လူငယ်ခေါင်းဆောင်တွေ တွေ့ဆုံကြမှာပါ။

အရှေ့တောင်အာရှနဲ့ ဂျပန်လူငယ်များသဘောၤခရီးစဉ်အတွက် မြန်မာနိုင်ငံကလူငယ် ၂၈ ဦးကိုရွေးချယ်ထားပြီးတော့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ဂျပန်နိုင်ငံကို စတင်ထွက်ခွာတော့မှာဖြစ်ပါတယ်။ ခရီးစဉ်မှာ ဂျပန်နိုင်ငံမှာအစပြုထားတာဖြစ်ပြီးတော့ ဂျပန်၊ဘရူနိုုင်း၊ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ ၅ နိုင်ငံကို သွားရောက်ရမှာဖြစ်ပြီးတော့ ၅၂ ရက်ကြာမှာဖြစ်ပါတယ်။



 

44254023_311952096264780_9108771748072914944_n (1) (1).jpg 

“အာဆီယံနိုင်ငံကလူငယ်တွေပါမယ်။ နောက်ပြီးတော့ ဂျပန်နိုင်ငံကနေမှ သဘောၤနဲ့ သွားရောက်ရမှာဖြစ်တဲ့အတွက် အတွေ့အကြုံကောင်းတွေအများကြီးရမယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူညီတဲ့ အလေ့အထတွေနဲ့ ယဉ်ကျေးမှုတွေမြင်တွေ့ရမှာပါ။” လို့ အဖွဲ့ရဲ့ လူငယ်ခေါင်းဆောင်ကိုရဲဝင်းအောင်က Duwun ကိုပြောပါတယ်။

ခရီးစဉ်မှာ နိပွန်မာရူ သဘောၤနဲ့ သွားရောက်ရမှာဖြစ်ပြီးတော့ သဘောၤပေါ်မှာ seminar တွေ၊အကြီးအကဲတွေနဲ့ တွေ့ဆုံတာတွေ၊ homestay အစီအစဉ်တွေနဲ့ ယဉ်ကျေးမှုဖလှယ်တာတွေ၊ ဆွေးနွေးပွဲတွေမှာပါဝင်မှာဖြစ်ပါတယ်။

“နောက်ပိုင်း ၂၀၁၁ ကနေစပြီးတော့ အဆင့်မြင့်ပညာဦးစီးဌာနကနေ တစ်ပြည်လုံးက တက္ကသိုလ်တွေကနေ ဝင်ခွင့်ဖြေပြီးမှ ရန်ကုန်မှာ အင်တာဗျူးဖြေပြီးတော့မှ အတော်ဆုံး ၂၈ ယောက်ကိုရွေးတာပါ။ ” လို့ SSEAYP International Myanmar က က ပြောပါတယ်။

၄၅ ကြိမ်မြောက်သဘောၤခရီးစဉ်မှာ နိုင်ငံတကာက ဧည့်သည်တွေနဲ့ လူငယ် ၃၀၀ ကျော်ရှေ့မှာ ပါဝင်မယ့် national presentation ကပြဖျော်ဖြေပွဲကိုလည်း အောက်တိုဘာ ၁၈ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမမှာပြုလုပ်ခဲ့ပါတယ်။ ခရိးစဉ်က ဂျပန်နိုင်ငံအစိုးရအဖွဲ့နဲ့ အာဆီယံနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ခရီးစဉ်ဖြစ်ပြီး တက္ကသိုလ် ၁၀ ခုကျော်က လူငယ်တွေပါဝင်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က