တန်ကြေး ဒေါ်လာ သန်း ၉၀ လို့ ခန့်မှန်းကြပါတယ်။

၁၅ နှစ်ကျော်ကြာ နေအိမ်အကျဉ်းကျနေထိုင်ခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ေနေထိုင်ခဲ့တဲ့နေအိမ်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က အစ်ကိုဖြစ်သူ အောင်ဆန်းဦးက လေလံပစ်ဖို့အတွက် လျှောက်ထားခဲ့ပါတယ်။


 

Daw-Su (1).jpg 

အမေရိကန်မှာအနေမျာားတဲ့ဦးအောင်ဆန်းဦးက ရန်ကုန်က အင်းလျားကန်စောင်းနားမှာရှိတဲ့ ပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၉၀ ရှိတယ်လို့တွက်ချက်ထားတဲ့မိသားစုပိုင် နေအိမ်ကို လေလံပစ်ဖို့ ပြည်ထောင်စုတရားရုံးချုပ်ကိုလျှောက်ထားခဲ့တာပါ။

၂၀၀၁ ခုနှစ်ကတည်းက ဒီလိုအိမ်ကိုပိုင်ဆိုင်ဖို့အတွက် တရားရုံးကနေဦးတိုက်လျှောက်ထားပြီး နှစ်ဖက် အပြန်အလှန်ရင်ဆိုင်နေတာဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ဝန်းအတွင်းမှာရှိတဲ့အိမ်အကြီးကို ပိုင်ဆိုင်ခွင့်ပေးပြီး အကိုဖြစ်သူကိုတော့ အိမ်ဝန်းထဲက အဆောက်အအုံအသေးတစ်ခုကို ပိုင်ဆိုင်ရမယ်ဆိုပြီး ၂၀၁၆ ခုနှစ်မှာ ရန်ကုန်က တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

“အရင်ဆုံံးဖြတ်ချက်က မျှတမှုမရှိသလို သူမကိုတော့ တစ်ဝက်ကျော်လောက်နီးပါးပေးထားတာကို ကျွန်တော့်အနေနဲ့ ကျေနပ်မှုမရှိလို့ဒီလို တောင်းဆိုတာဖြစ်တယ်။” ရိုက်တာသတင်းဌာနနဲ့ ဖုန်းနဲ့မေးမြန်းမှုကို ဦးအောင်ဆန်းဦးက ဖြေကြားထားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို အဲ့ဒီအိမ်မှာ ၁၂ နှစ်လောက်အလကားနေခွင့်ပေးထားပြီးတော့ ဒါကလည်း အကန့်အသတ်တစ်ခုအထိရှိတယ်။” လို့ သူကေ ပြာပါတယ်။

နိုင်ငံတွင်းရေးနဲ့ ပြည်ပအရေးကိစ္စတွေနဲ့ ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံကို ကိုင်တွယ်နေရတဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်တာဝန်ယူနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာတဲ့ ဒီအချိန်အခါကလည်း ဦးအောင်ဆန်းဦးအတွက် ဥပဒေအရ စိန်ခေါ်မှုအသစ်တစ်ခုလည်းဖြစ်နေပါတယ်။

ဒီအတွက် NLD ရဲ့ပြောရေးဆိုခွင့်ပုဂ္ဂိုလ်နဲ့ အစိုးရပြောခွင့်ရပုဂ္ဂိုလ်တို့ကလည်း ဒါနဲ့ ပါတ်သတ်ပြီး တစ်စုံတစ်ရာမှတ်ချက်ပေးမထားပါဘူး။ ဥိးအောင်ဆန်းဦးရဲ့ ရှေ့နေကတော့ ရိုက်တာတင်းဌာနကို ပြောဆိုခဲ့ရာမှာတော့ သူ့ရဲ့အမှုသည်အနေနဲ့ ပိုင်ဆိုင်မှုနဲ့ပါတ်သတ်ပြီး ဒီလိုအယူခံပြန်ဝင်ဖို့ ဆုံးဖြတ်တာလို့လည်း ရိုက်တာကို ပြောထားပါတယ်။ ဥိးအောင်ဆန်းဦးရရှိခဲ့တဲ့အဆောက်အအုံက ပျက်စီးနေပြီးတော့ အဓိကအိမ်ကို တစ်ဖက်ကရယူနေထိုင်တာကို ဘာမှမပြောနိုင်ခဲ့ဘဲ သူကအပြင်မှာပဲနေရတာဖြစ်တယ်လို့ ပြောထားပါတယ်။

တက္ကသိုလ်ရိပ်သာလမ်းက အိမ်အမှတ် ၅၄ ရဲ့ ခြံစည်းရိုးအပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကထောက်ခံသူပြည်သူတွေကို မိန့်ခွန်းပြောလေ့ရှိပါတယ်။ နေပြည်တော်ကို စတင်ပြောင်းရွှေ့ခဲ့တဲ့ ၂၀၁၂ ကနေစပြီးတော့ တက္ကသိုလ်ရိပ်သာလမ်းကအိမ်မှာမနေထိုင်တော့တာဖြစ်ပြီးတော့ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာပဲ နေထိုင်တာဖြစ်ပါတယ်။

ဒါပေမယ့် အတိုင်ပင်ခံံပုဂ္ဂိုလ်ရဲ့ အဓိကကျတဲ့နိုင်ငံတကာခေါင်းဆောင်တွေ (အမေရိကန်သမ္မတတောင်းဘားရက်အိုဘားမား၊ ဟီလာရီကလင်တန်) တို့လို ခေါင်းဆောင်တွေရဲ့ လည်ပတ်မှုတွေနဲ့ အစည်းအဝေးတွေကတော့ ခြံအမှတ် ၅၄ မှာပဲပြုလုပ်ခဲ့တာပါ။

နိုင်ငံံ့ပြယုဂ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ဒီအိမ်က သမိုင်းဝင်နေရာဖြစ်နေပြီးတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီမြေကို အဆုံးရှုံးမခံနိုင်ဘူးလို့တော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဦးညီညီက ရိုက်တာကို ပြောဆိုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က