အားလပ်ရက်ကမ်းခြေသွားမယ့်သူတွေ သတိထားသင့်ပါတယ်။

အောက်တိုဘာ ၂၃ ရက်နဲ့ ၂၄ ရက်တွေဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့နဲ့ အဖိတ်နေ့တွေမှာ မုန်တိုင်းဖြစ်ပွားနိုင်ချေရှိနေတဲ့ အတွက် ပင်လယ်ကမ်းခြေခရီးသွားသူတွေ သတိထားသွားလာဖို့ မိုးလေဝသပညာရှင်ဦးထွန်းလွင်ကတိုက်တွန်းထားပါတယ်။

 

Photo - Tun Lwin Facebook



အဲ့ဒီနေ့တွေမှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ အရှေ့လေပွေလှိုင်းတစ်ခုဖြတ်သန်းလာမှုကြောင့် ချောင်းသာ-ငွေဆောင်-ငပလီ ပင်လယ်ဆိပ်ကမ်းအနီးတဝိုက်တွင် မုန်တိုင်းတစ်ခု ကမ်းလျှောက် ရွေ့လျှားသွားနိုင်တယ်လို့ ဦးထွန်းလွင်က သူ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာရေးသားထားပါတယ်။



ခန့်မှန်းချက်အရတော့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ကျောက်ဖြူ နဲ့ သံတွဲကြား ကမ်းခြေကို ဖြတ်ကျော်ဖို့ရှိနေတာကြောင့် ရုံးပိတ်ရက်ရှည် ပင်လယ်ကမ်းခြေ ခရီးသွားများသတိထားသွားလာကြဖို့ နှိုးဆော်ထားပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယပတ်အတွင်းကလည်း ဘင်္ဂလားပင်လယ်အော်မှာ အလွန်အားကောင်းသော မုန်တိုင်း "တစ်လီ"ဖြစ်ပေါ်ခဲ့ပြီးအိန္ဒိယကိုဝင်ရောက်သွားခဲ့ပါတယ်။

Share

Loading Next Article...
က္က