မော်လမြိုင် လေယာဉ်ကွင်းနားမှာဖြစ်ပွားခဲ့တာပါ။

ကျောင်းဆရာမတစ်ယောက်မောင်းနှင်လာတဲ့ ဆိုင်ကယ်ရှေ့မှာမဖွယ်မရာ လုပ်ပြီးဆိုင်ကယ်တိမ်းမှောက်သွားစဉ်မှာ ပိုက်ဆံ အိတ်နဲ့ ဖုန်းလုပြီး ထွက်ပြေးမှု တစ်ခု မော်လမြိုင်မှာ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။



 

44300383_561401480966858_2727699004879011840_n.jpg

Photo - Bobo Win Emr





ဆိုင်ကယ်မောင်းလာစဉ်မှာ လမ်းမှာ အကျီ ၤအပြာဝတ်လူတစ်ယောက်က ပုဆိုးကိုလှန်ပြတာကြောင့် ဆရာမက အရှိန်တင်ပြီး မောင်းလိုက်ရာမှာ ဆိုင်ကယ်မှောက်သွားတာကြောင့် ခုလိုလုယူမှုပြုလုပ်သွားတာလည်းဖြစ်ပါတယ်။ အဲ့ဒီနောက် လုယူထွက်ပြေးတဲ့ အမျိုးသားဟာ လေယာဉ်ကွင်းနဲ့ တောင်ဝိုင်းတောင်ကြားက တောတန်းတွေဆီထွက်ပြေးသွားခဲ့တယ်လို့ ဆရာမရဲ့ထွက်ဆိုချက်အရ ရဲတပ်ဖွဲ့ကပြောပါတယ်။



ဆရာမဟာ မြိုင်သာယာရပ် ၆ မိုင် ပုတလုကုန်းမူလတန်းကျောင်းမှာ စာသင်ကြားပေးနေတာဖြစ်ပြီး ဒီနေ့ မနက် ကျောင်းကိုသွားတဲ့အချိန်မှာ ခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မြိုင်သာယာရဲစခန်းက တာဝန်ကျရဲအရာရှိက Duwun ကိုပြောပါတယ်။

Photo - Bobo Win Emr





ဒီဖြစ်ရပ်ဟာ မော်လမြိုင်တက္ကသိုလ်အနီး မော်လမြိုင်မြို့ သွေးသောက်ရပ် တောင်ဝိုင်း လေယာဉ်ကွင်းနားမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းဆရာမဟာ ထိခိုက်ဒဏ်ရာတွေရရှိသွားတာကြောင့် မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ကုသပေးထားရတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က