ပထမဆုံးအကြိမ် ကျင်းပမှာပါ။

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘိလိယက်နဲပ စနူကာပြိုင်ပွဲကို ၂၀၁၈ ခုနှစ်နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိကျင်းပမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘိလိယက်နဲ့ စနူကာ အဖွဲ့ချုပ်ကနေ သိရပါတယ်။



 

44362710_338296273599626_6238371557136138240_n.jpg 

“အားကစားဖွံ့ဖြိုးတိုးတက်မယ်။ဒီလိုပြိုင်ပွဲလုပ်တော့ မြန်မာနိုင်ငံက အေးချမ်းသာယာတယ်ဆိုတာကို ကမ္ဘာက သိအောင်ရည်ရွယ်ပြီးလုပ်တာဖြစ်ပါတယ်။” လို့ မြန်မာနိုင်ငံဘိလိယက်နဲ့ စတူကာအဖွဲ့ချုပ်တာဝန်ရှိသူက Duwun ကို ပြောပါတယ်။

ဒီလိုကမ္ဘာ့ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ်ကျင်းပတာဖြစ်ပြီးတော့ နိုင်ငံပေါင်း ၄၀ ကျော်ပါဝင်မှာဖြစ်ပြီး အင်္ဂလန်၊အိုင်ယာလန်၊သြစတြေးလျ၊ကာတာ၊ဆီးရီးယား၊ပါကစ္စတန်၊ အိန္ဒိယ စတဲ့နိုင်ငံတွေက ကိုယ်စားပြုကစားသမားပေါင်း အယောက် ၂၀၀ ကျော်က လာရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီလိုပွဲလုပ်ခြင်းအားဖြင့် ကမ္ဘာ့ချန်ပီယံတွေရဲ့ နည်းလမ်းတွေ၊အတွေ့အကြုံတွေကို သိနိုင်မှာဖြစ်ပြီးတော့ နိုင်ငံရဲ့ သိက္ခာပါ တိုးတက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကစားသမာပေါင်း ၂၂ ဦးက ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီးတော့ ပြင်ဆင်မှုတွေစတင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲမှာာ ဘိလိယက်ကို နိုဝင်ဘာ ၁၂ ၇က်ကနေ ၁၈ ရက်နေ့နဲ့ စနူကာကို နိုဝင်ဘာ ၁၉ ကနေ ၂၇ အထိလုပ်ဆောင်မယ်လို့သိရပါတယ်။

ပြိုင်ပွဲကို Grand Mercure Hotel မှာကျင်းပမှာဖြစ်ပြီးတော့ အားကစားဝန်ကြီးဌာန ၊ အားကစားနဲ့ ကာယပညာဦးစီးဌာနက ပံ့ပိုးကုူညီထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က