အရေးပေါ်ဌာနနဲ့ ကျန်ဆေးကုသတဲ့ဌာနတွေကို ပုံမှန်အတိုင်းဖွင့်လှစ်ထားပါတယ်။

ရန်ကုန်ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွေကို သီတင်းကျွတ်ပိတ်ရက် ၃ ရက်ပိတ်မှာဖြစ်တယ်လို့ ရန်ကုန်ဆေးရုံကြီးက အောက်တိုဘာ ၁၈ ရက်က သတင်းထုတ်ပြန်ထားပါတယ်။



 

 

ygn hos.png 

အောက်တိုဘာ ၂၃၊၂၄ရက်နဲ့ ၂၅ ရက်တွေက အစိုးရရုံးပိတ်ရက်ဖြစ်တာကြောင့် အထူးကုပြင်ပလူနာဌာနတွေကိုပိတ်ထားမှာဖြစ်ပြီးတော့ အောက်တိုဘာ ၂၆ ရက် သောကြာနေ့မှာ ပုံမှန်အတိုင်းဖွင့်လှစ်သွားမယ်လို့ ရန်ကုန်ဆေးရုံကြီးသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အထူးကုပြင်ပလူနာဌာန၊ သွားနှင်ခံတွင်းဌာန၊ အရေပြားဌာန၊ ကင်ဆာဆေးကု ဌာန၊ ကင်ဆာဓာတ်ရောင်ခြည်ဌာန၊ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်ကုဌာန၊ မျက်နှာမေးရိုးခွဲစိတ်ကုဌာန စတဲ့ ဌာနပေါင်း (၉) ခုကို သီတင်းကျွတ်ပိတ်ရက်တွေမှာ ခေတ္တပိတ်ထားမှာဖြစ်တယ်လို့ ရန်ကုန်ဆေးရုံကြီးရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက Duwun ကိုပြောပါတယ်။

“ ပုံမှန်အတိုင်းဆိုရင်တော့ ရုံးဖွင့်ရက် တနလာၤကနေ သောကြာနေ့အထိ ၉ နာရီကနေ ၄ နာရီအထိ လာရောက်ကုသလို့ရပါတယ်။ အထူးကုပြင်ပဌာနတွေကိုတော့ အများပြည်သူရုံးပိတ်ရက်တိုင်းပိတ်လေ့ရှိပါတယ်။ အထူးကုဌာနတွေက  Emergency Case မဟုတ်တဲ့အတွက် ပိတ်တာပါ။ ” လို့ ဒေါက်တာနေဝင်းသိန်းက Duwun ကိုပြောပါတယ်။

 

 

အရေးပေါ်ဌာနနဲ့ ဆေးကုသတဲ့ ဌာနတွေကိုတော့ ပုံမှန်အတိုင်းဖွင့်လှစ်ထားတာဖြစ်ပြီး အရေးကြီးလူနာတွေအတွက်တော့ အရေးပေါ်ဌာနကို ၂၄ နာရီလုံး ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။

ရန်ကုန်ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွေကို စနေ၊တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာ ပိတ်ထားပြီး အထူးကုပြင်ပလူနာဌာနနဲ့ ပြသဖို့အတွက် လွှဲစာလိုအပ်ပြီး နေထိုင်ရာ မြို့နယ်က ကျန်းမာရေးဌာနကနေ ယူဆောင်လာရမယ်လို့ သိရပါတယ်။

အရေးပေါ်လူနာမဟုတ်တဲ့ လူနာတွေကို ဆေးရုံရဲ့ အချိန်စာရင်းအတိုင်း ပြင်ပလူနာအနေနဲ့ စစ်ဆေးကြည့်ရှုပေးတာဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က