နံနက် ၁၁ နာရီကနေ ညနေ ၃ နာရီအတွင်းပါ မောင်းနှင်ခွင့်ပြုဖို့ တောင်းဆိုထားတာပါ။

မြန်မာနိုင်ငံ ကုန်သေတ္တာတင်ယာဉ်အသင်းအနေနဲ့ ရန်ကုန်တိုင်းအစိုးရထံ ယခုသတ်မှတ်ပေးထားတဲ့ ပြေးဆွဲအချိန်သာမက ရုံးချိန်ကင်းလွတ်တဲ့ နံနက်(၁၁)နာရီကနေ နေ့လည်(၃)နာရီအတွင်းအချိန်ကိုပါ တိုးမြှင့်ခွင့်ပြုပေးရန်တင်ပြထားကြောင်း ဦးရဲခေါင်ကပြောပါတယ်။

 





ကုန်သေတ္တာတင်ယာဉ်တွေအချိန်တိုးမြှင့်မောင်းနှင်ခွင့်ပြုဖို့တောင်းဆိုတာဟာ တရားမျှတတယ်လို့ မြန်မာနိုင်ငံ ကုန်သေတ္တာတင်ယာဉ်အသင်းရဲ့ ဗဟိုအလုပ်မှူဆောင် ဦးရဲခေါင် ကပြောပါတယ်။



"ကျွန်တော်တို့ တောင်းဆိုတာက တရားမျှတပါတယ်။ အခုတိုင်းသာဆက်လုပ်နေရင် ကွန်တိန်နာကားတွေက အမြန်မောင်းတာတွေဖြစ်ပြီး ယာဉ်တိုက်မှုတွေဖြစ်ကုန်မှာပြီးတော့ ကွန်တိန်နာယာဉ်မောင်းတွေလဲ ဝင်ငွေကျစေတယ်"လို့ ဦးရဲခေါင်က Duwun ကိုအောက်တိုဘာ ၂၁ ရက်နေ့ကပြောပါတယ်။



လက်ရှိမှာ ရန်ကုန်မြို့က ယာဉ်ကြောကျပ်တည်းမှုတွေလျော့ချနိုင်ဖို့ရည်ရွယ်ချက်နဲ့ တိုင်းအစိုးရက ကုန်သေတ္တာယာဉ်တွေကို ည ၉ နာရီကနေ မနက်၆နာရီအထိ ပြေးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။



အထက်ပါအချိန်တိုင်းပြေးဆွဲခွင့်ပြုထားတာကြောင့် အောက်တိုဘာ ၁၀ ရက်နေ့က ကွန်တိန်နာယာဉ်မောင်းတွေ ရန်ကုန်မြို့၊လသာဆိပ်ကမ်းမှာ ၂ကြိမ်ဆန္ဒပြခဲ့ပြီး တိုင်းအစိုးရညှိနှိုင်းဆောင်ရွက်မှုနဲ့ ည၈နာရီကနေ မနက်၆နာရီအထိ တိုးမြှင့်ပြေးဆွဲခွင့်ပြုခဲ့ပါတယ်။



အဆိုပါတောင်းဆိုမှုနဲ့ပတ်သက်လို့ ကွန်တိန်နာမောင်းနှင်သူတွေက ဝင်ငွေပိုရတဲ့အပြင်မိသားစုကို အချိန်ပေးနိုင်တာကြောင့်တရားမျှတတယ်လို့ဆိုပြီး အဌားယာဉ်မောင်းနှင်ကြသူတွေက ယာဉ်ကြောကြပ်တည်းမှုတွေဟာ အရင်လိုပြန်ဖြစ်လာနိုင်တာကြောင့် တိုးမြှင့်မပေးသင့်ကြောင်းဝေဖန်နေကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က