ဈေးကြီးပေးပြီးဝယ်နေရတာတွေလည်းရှိပါတယ်။

သီတင်းကျွတ်ပိတ်ရက်အတွင်း ရန်ကုန်က နေရပ်ပြန်လိုသူတွေအတွက်ကားလက်မှတ်ရောင်းစရာ ကုန်သလောက်နီးပါးဖြစ်နေပြီလို အောင်မင်္ဂလာပအဝေးပြေးကားဂိတ်ရှိ ခရီးသည်ပို့ဆောင်ရေးကားဂိတ်တစ်ခုက Duwun ကိုအောက်တိုဘာ ၂၁ ရက်နေ့ကပြောပါတယ်။



 

"ကားလက်မှတ်တွေကို သောကြာနေ့လောက်ကတည်းကကြိုမှာကြတာ။စနေနေ့ကတောင်သိပ်မရှိတော့ဘူး။ဒီနေ့ဆို ရောင်းစရာလက်မှတ်တွေကုန်နေပြီ"လို့ ခရီးသည်ပို့ဆောင်ရေးကားဂိတ်တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

လက်ရှိကာလဟာ ပွင့်လင်းရာသီဖြစ်ပြီး ပိတ်ရက်၅ရက်ဆက်တိုက်ပိတ်ပေးတာမျိုးတွေရှိတာကြောင့် နေရပ်ပြန်လိုသူတွေနဲ့ ခရီးသွားလိုသူတွေ များပြားခဲ့ပြီး ကြိုတင်လက်မှတ်ဝယ်ယူသူတွေများပြားခဲ့တာဖြစ်ပါတယ်။

အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်းမှာ ယာဉ်လိုင်းပေါင်း ၃၀ကျော်ရှိနေပြီး ယာဉ်အစီးရေ ရာချီနဲ့ ပြေးဆွဲနေသော်လည်း ကြိုတင်လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်များပြားတာကြောင့် ကားလက်မှတ်တွေ ရောင်းစရာမရှိတော့သာဖြစ်ပါတယ်။

လက်ရှိမှာ မန္တလေး၊နေပြည်တော်နဲ့ တောင်ကြီးကိုသွားမယ့် ခရီးသည်များပြားပြီး မူဆယ်၊မြဝတီကိုသွားမယ့် ကားလက်မှတ်တွေလဲ ကုန်သလောက်နီးပါးဖြစ်နေတယ်လို့ သိရပါတယ်။

မန္တလေးသို့ သွားရောက်မယ့် ခရီးသည်တစ်ဦးက "ရထားနဲ့ ကားနဲ့ဆို ရထားကစရိတ်သက်သာတယ်။ဒါပေမယ့်လူပင်ပန်းတယ်။ကားလက်မှတ်တွေကဝယ်မရတော့တာက မှောင်ခိုလက်မှတ်ရောင်းတဲ့သူတွေကြောင့် လို့ထင်တယ်"လို့ Duwunကိုပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က