ကားမီးလောင်ပြီး သေဆုံးခဲ့တာပါ။

ထိုင်းနိုင်ငံကနေသီတင်းကျွတ်ပိတ်ရက် နေရပ်ပြန်ကြတဲ့ မြန်မာလုပ်သားအများစုပါဝင်တဲ့ ယာဉ် တိမ်းမှောက်ပြီး အလုပ်သမား ၁၁ ဦး မီးလောင်သေဆုံးခဲ့တယ်လို့  ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။



 

 

မဟာချိုင်မှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သား ၁၅ ဦးပါဝင်လာတဲ့ ယာဉ်ဟာ နေရပ်ပြန်ဖို့ မဟာချိုင်မှ မဲဆောက်မြို့သို့ လာရောက်ရာ အောက်တိုဘာ ၂၁ ရက် မနက် ၃ နာရီကျော်အချိန်မှာ တိမ်းမှောက်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ြပ်ချက်အရသိရပါတယ်။

ထိုင်းနိုင်ငံသားမောင်းနှင်ပြီး မြန်မာလုပ်သားတွေပါဝင်တဲ့ Toyota Commuter ယာဉ်ဟာ မဟာချိုင်ကနေ ဘန်ကောက်မြို့ဘက်ကိုအသွား ထိုင်းနိုင်ငံ၊ကံဖစ်ခစ်ခရိုင် အနီးမှာ လမ်းဘေးသစ်ပင်ကိုဝင်တိုက်ကာ မီးလောင်တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကားမီးလောင်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ မြန်မာအလုပ်သမား မောင်ထက်လင်း (စိစစ်ဆဲ)ပါ ၁၁ ဦး နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး မောင်လွင်မိုးသူ (စိစစ်ဆဲ) ပါ မြန်မာလုပ်သား ၄ ဦးနဲ့ ထိုင်းနိုင်ငံသားယာဉ်မောင်းတို့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့လို့ ကံဖယ်ဖစ်ခရိုင်ပြည့်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

ယခုနှစ် မတ်လတုန်းက ထိုင်းနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့ လာရောက်ကြတဲ့ မြန်မာလုပ်သားတွေ စီးနင်းလာတဲ့ ယာဉ် ဟာ မဲဆောက်မြို့အလွန် တောင်ပေါ်အဆင်းလမ်းမှာ ကားမီးလောင်ကျွမ်းခဲ့ပြီးတော့ ယာဉ်ပေါ်ပါ အလုပ်သမား ၄၇ ဦးအနက် ၂၀ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က