ပြည်နယ်နဲ့ တိုင်း ၆ ခုက စီးပွားရေးလုပ်ငန်းရှင် ၆၀ ဦးပါဝင်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ကရင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို အောက်တိုဘာ ၂၂ ရက်နေ့က စတင်ဖွဲ့စည်းလိုက်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးကနေထုတ်ပြန်လိုက်ပါတယ်။



 

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းကို အောက်တိုဘာ ၂၂ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

 

 

ပြည်နယ်နဲ့ တိုင်း ၆ ခုက စီးပွားရေးလုပ်ငန်းရှင် ၆၀ ဦးပါဝင်တာဖြစ်ပြီးတော့ EC ၃၀ ဦးရွေးချယ်ခဲ့တာဖြစ်ပြီး ဗဟိုကော်မတီဝင် ၁၄ ဦးနဲ့ ရုံးအဖွဲ့ ၆ ဦး စုစုပေါင်း ၂၀ ဦးတို့နဲ့ လုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ကရင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းအနေနဲ့ တစ်နိုုင်ငံလုံးဆိုင်ရာဒေသတွင်း စီးပွားရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လည်း ကတိပြုခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က