စက်လှေမောင်းသူကို အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်

ပဲခူးမှာ မိုးသည်းလို့ စက်လှေမှောက်ရာကနေ ရွာသားတစ်ဦးပျောက်ဆုံးနေတာဖြစ်တယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနကနေထုတ်ပြန်ထားပါတယ်။

ပဲခူးမြို့၊တိုက်ကြီးကျေးရွာ အနီးက ရေဆိပ်မှာ ဇောင်းတူကျေးရွာက တိုက်ကြီးရွာကို ပဲခူးမြစ်အတိုင်းမောင်းနှင်လာတဲ့လှေတစ်စင်းနစ်မြုပ်ရာကပျောက်ဆုံးနေတာဖြစ်ပါတယ်။

အေးမင်းလတ် (၃၃)နှစ်မောင်းနှင်ပြီး ဖိုးခွာလေး (၂၀) နှစ်ပါ ငါးဦးစီးနင်းလာတဲ့ စက်လှေက မိုးသည်းထန်တာကြောင့် ရေစီးသန်ပြီးတိမ်းမှောက်ရာက ဦးမြင့်နိုင်(၅၅) နှစ်ပါ ၄ ဦးကို အသက်ရှင်လျက် ကယ်ဆယ်ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဖိုးခွားလေး (ခေါ်) ဖိုးသဇင်က ပျောက်ဆုံးနေတာကြောင့် လိုက်လံရှာဖွေနေတာဖြစ်ပြီး အေးမင်းလတ်ကိုတော့ တိုက်ကြီးနယ်မြေရဲစခန်းမှာ ပုဒ်မ (ပ)၁၂/ ၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၀ (ရေယာဉ်အား အရမ်းဦးစီးသွားလာမှု) နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်းရပ်ဝန်းအားကောင်းနေတာကြောင့် ရန်ကုန်အပါအဝင်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နေတာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က