အီတလီနဲ့ မြန်မာကြားပြေးဆွဲတာပါ။

အီတလီအခြေစိုက်လေကြောင်းလိုင်းဖြစ်တဲ့ Neos လေကြောင်းလိုင်းက ရန်ကုန်- မီလန်လေဆိပ်ကို တိုက်ရိုက်ပြေးဆွဲတဲ့ လေယာဉ်ဟာ ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ စတင်လိုက်ပြီဖြစ်တယ် လို့ Neos လေကြောင်းလိုင်းက တရားဝင်ထုတ်ပြန်ထားပါတယ်။



 

Photo - Neo Airline





သူတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှာကြေငြာချက်အရ ယူရိုငွေ လေးရာကျော်ကနေ ငါးရာကျော်အထိ ဈေးနှုန်းတွေသတ်မှတ်ထားတာကိုတွေ့ရပါတယ်။အောက်တိုဘာ ၃၀ ရက်နေ့ကို ဖော်ပြထားပြီးတော့ အင်္ဂါနေ့တွေမှာ ပျံသန်းသွားမယ်ဆိုပြီး တရားဝင်ဖော်ပြထားပါတယ်။



ပထမဆုံးလိုက်ပါလာမယ့် လေယာဉ်ဟာ မီလန်မြို့ကနေထွက်ခွာလာပြီးတော့ ခရီးသည် ၃၄ ယောက်စီးနင်းလိုက်ပါလာတယ်လို့သိရပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၁၇ နှစ်စကနေ စက်တင်ဘာအထိ ခရီးသည် ၁၁၉၇၆ ယောက်လာရောက်လည်ပတ်ခဲ့ပြီး ဒီနှစ် ကာလတူမှာတော့ ခရီးသည် ၁၀၂၂၁ ယောက် လာပြီးလည်ပတ်ခဲ့တယ်လို့သိရပါတယ်။



Neos လေကြောင်းလိုင်းက အီတလီအခြေစိုက် လေကြောင်းလိုင်းဖြစ်ပြီးတော့ ဥရောပတောင်ပိုင်း၊ရုရှား၊ အာဖရိက၊ အာရှ၊မက္ကဆီကို၊ ဘရာဇီး စတဲ့ နိုင်ငံတွေကို ဘိုရင်းလေယာဉ်တွေနဲ့ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က