ကျပ်သိန်းပေါင်း ၆၀၀၀ ကျော်တန်ဖိုးရှိတဲ့ရွှေထည်ပစ္စည်းတွေကို ခိုးယူခဲ့တာဖြစ်ပါတယ်။

ကမာရွတ်မြို့နယ်မှာ ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာရွှေထည်ပစ္စည်းတွေကို ခိုးယူသွားတဲ့သူတွေကို ဖမ်းဆီးရမိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နေက အာက်တိုဘာ ၃၀ ရက်နေ့ကသိရပါတယ်။

45002225_1717585335037393_338046937313837056_n.jpg 

အောက်တိုဘာ ၂၆ ရက်နေ့ နေ့လယ်ခန့်က လမ်းမတော်မြို့နယ်မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ကမာရွတ်မြို့နယ်မှာရှိတဲ့ နိုဗိုတယ်ဟိုတယ်မှာ သူငယ်ချင်းဖြစ်သူနဲ့တွေ့တဲ့အချိန်မှာ အိမ်အကူအမျိုးသမီးဖြစ်သူကို နေအိမ်မှာ ထားရှိတဲ့ ကျောက်မျက်ရတနာတွေကိုပြန်ယူဖို့အတွက် ယာဉ်မောင်းဖြစ်သူနဲ့ အတူစေလွှတ်လိုက်ပါတယ်။

အိမ်အကူကနေ ယူဆောင်လာတဲ့ကျောက်မျက်ရတနာတွေကို ဟိုတယ်ကိုယူဆောင်လာခဲ့ပြီးတော့ အဆိုပါ ကျောက်မျက်ရတနာတွေကို ကားပေါ်ပြန်ထားဖို့ ပြောတာကြောင့် ကားပေါ်မှာ အိမ်အကူကနေ ပြန်ထားခဲ့တယ်လို့ သိရပါတယ်။

ညနေပိုင်းဟိုတယ်ကနေ ပြန်ထွက်ဖို့အတွက် ကားရှိရာကိုသွားတဲ့အခါမှာတော့ ကားကိုပဲတွေ့ရပြီးတော့ ယာဉ်မောင်းအပါအဝင် ကျောက်မျက်ရတနာအိတ်ကိုပါ မတွေ့ရတော့တာကြောင့် ယာဉ်မောင်းရဲ့ ဖုန်းကို ဆက်သွယ်တဲ့အခါမှာစက်ပိတ်ထားတယ်လို့ ဖြေကြားခဲ့ပြီးတော့ ကားပေါ်မှာ စက္ကူအိတ်နဲပ ထားတဲ့ နီလာတစ်တန်းပါ ရွှေဆွဲကြိုး (၃) ကုံး၊ ပတ္တမြား တစ်တန်းပါ ရွှေဆွဲကြိုး (၁)ကုံး၊ ပတ္တမြားနဲ့ စိန်ကြိုးနှစ်တန်းသွား ကြိုး (၁)ကုံး၊ နားဆွဲ (၁) ရံ၊ ပတ္တမြား (၁) ထုပ်၊ ပတ္တမြား ပန်းရောင် (၁)ထုပ် အပါအဝင် စိန်ပွင့်အထုပ်တွေပါဝင်တဲ့ စုစုပေါင်း တန်ဖိုး ကျပ်သိန်းပေါင်း ၆၃၄၄ တန်ဖိုးကို ခိုးယူသွားတဲ့ ယာဉ်မောင်းကို အရေးယူပေးဖို့ ကမာရွတ်ရဲစခန်းကိုတိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ကျူးလွန်သူကို အောက်တိုဘာ ၂၈ ရက်နေ့မှာ ဖမ်းမိခဲ့ပြီးတော့ ခိုးယူရရှိတဲ့ပစ္စည်းတွေကို အထည်ဖျက်ပြုလုပ်ပေးခဲ့တဲ့သူကိုလည်း အတူဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က