CCTV မှတ်တမ်းတွေကဆင့် ခိုးယူသူကို သိခဲ့ရတာဖြစ်ပါတယ်။

တောင်ဒဂုံမြို့နယ်က စက်ရုံတစ်ရုံမှာ ညစောင့်အလုပ်လုပ်ကိုင်သူက စက်ရုံရဲ့ ငွေစာရင်းခန်းထဲကနေ သိန်း ၆၂၀ ခိိုးယူမှု ဖြစ်ပွားခဲ့တယ်လို့  ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ အောက်တိုဘာ ၃၀ ရက်က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

southdagon.jpg 

ဖြစ်စဉ်ကတော့ အောက်တိုဘာ ၂၃ ရက်က စက်ရုံမှာ အမျိုးသားတစ်ဦးရှိနေစဉ် စက်ရုံမန်နေဂျာကနေ ရုံးချုပ်မှာ ငွေတွေခိုးယူခံရတယ်လို့ ဆက်သွယ်ပြောကြားလာလို့ သွားရောက်ကြည့်ရှုရာ ရုံးချုပ် ဒုတိယထပ်ရုံးခန်းရဲ့ ငွေစာရင်းအခန်းတံခါးပွင့်နေတယ်လို့  တိုင်းရဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ဝန်ထမ်းတွေနဲ့ အတူ ရုံးအတွင်း CCTV တွေကို စစ်ဆေးရာ လူတစ်ဦး မိုးကာအကျီလက်ရှည်နဲ့ နှာခါင်းစည်း၊ ခေါင်းစွပ်စွပ်ပြီး ထမင်းစားဆောင်အပေါက်ကနေ ဝင်ရောက်လာတာကိုတွေ့ရကြောင်း၊ ငွေစာရင်းအခန်းမှာလည်း သော့ခတ်မထားတဲ့အပြင် အမြင့် ၆ ပေလောက်ရှိတဲ့သံဘီရိုထဲမှာ သိန်း ၉၆၀ နီးပါး ရှိတဲ့အနက် သိန်း ၆၂၀ ခန့် ပျောက်ဆုံးနေတာကို တွေ့ရှိရပြီး ခိုးယူသွားသူကို အရေးပေးဖို့ တိုင်တန်းခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် တောင်ဒဂုံမြို့နယ် ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်စုံစမ်းခဲ့ပြီး အခင်းဖြစ်ရပ်က CCTV မှတ်တမ်းက အမျိုးသားဓာတ်ပုံကို ဝန်ထမ်းတွေကို မေးမြန်းခဲ့ရာ အနက်ရောင်မိုးကာလက်ရှည်အကျီဝတ်ဆင်လေ့ရှိသူမှာ ညစောင့် သူရိန်မိုး ဖြစ်ပြီး၊ အဲဒီမိုးကာကို ဆိုင်ကယ်စီးတဲ့အခါ ဝတ်ဆင်တတ်ကြောင်း စုံစမ်းသိရှိခဲ့ရတာဖြစ်ပါတယ်။

သူရိန်မိုးက အခင်းဖြစ်ပြီးနောက်နေ့မှာ အလုပ်တာဝန်ပြီးလို့ ပြန်သွားကြောင်းသိရှိရပြီး ဖုန်းနဲ့ ဆက်သွယ်ပေးမယ် ဖုန်းပိတ်ထားတဲ့အတွက် သူနေထိုင်တဲ့ တောင်ဒဂုံမြို့နယ် ဦးဟန်တင်လမ်းကို သွားရောက်စုံစမ်းတဲ့အခါမှာလည်း နေအိမ်မှာမရှိကြောင်းသိရပါတယ်။

ဆက်လက် စုံစမ်းရာ  သူရဲ့ မိဘဆွေမျိုးရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဝါးတလုတ် ကျေးရွာမှာ သွားရောက်တိမ်းရှောင်နိုင်တယ်လို့သိရပြီး နေအိမ်မှာလည်းမရှိကြောင်း၊ ရည်းစားနဲ့ တွေ့ဆုံဖို့ ဘိုကလေးမြို့ ကြေးရုပ်ကြီးအနီးမှာ ချိန်းဆိုထားတယ်လို့ သိရှိရတာကြောင့် အောက်တိုဘာ ၂၆ ရက် မှာ သူရိန်မိုးကို ချိန်းဆိုထားတဲ့နေရာမှာ  Suzuki ဆိုင်ကယ်(၁)စီး၊ ငွေကျပ်(၉)သိန်း၊ Mi 6x အမျိုးအစား အနက်ရောင် ဖုန်း(၁)လုံးတို့ှနှင့်အတူတွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သူရိန်မိုးအား စစ်ဆေးခဲ့ရာခိုးယူထားတဲ့ သိန်း ၆၂၀ နဲ့ Mi 6x အနီရောင် လက်ကိုင် ဖုန်း(၁)လုံး၊

Mi6Pro အမျိုးအစား အနီရောင်လက်ကိုင်ဖုန်း(၁)လုံး၊Suzuki စာတမ်းပါ 

အပြာရောင် နှင့်အဖြူရောင် စပ်ကြားဆိုင်ကယ်(၁)စီးတို့ကို ဝယ်ယူခဲ့ပြီး ကျန်ရှိငွေ သိန်း ၅၇၀ ကျော်ကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ဥပဒေနဲ့ အညီ ဆက်လက်အရေးယူမယ်ဆိုပြီး တိုင်းရဲက ထုတ်ပြန်ထားခဲ့ပါတယ်။

Share

Loading Next Article...
က္က