အဲဒီဆေးပြားတွေကို စာတိုက်ကြီးကတစ်ဆင့် ချောပို့စနစ်နဲ့ ပေးပို့လာခဲ့တာပါ။

ရန်ကုန်မြို့ ကျောက်တံတား ဗဟိုစာတိုက်ကြီး ကတဆင့် ပို့လာတဲ့ ပါဆယ်ထုပ်ထဲကနေ စိတ်ပြောင်းခေါင်းခါဆေး (Ecstacy) ၉၅၀ ဆေးပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့်ထိန်းချုပ်ရေးဗဟိုကော်မတီက နိုဝင်ဘာ ၃ ရက်က သတင်းထုတ်ပြန်ပါတယ်။


 

ဗဟိုစာတိုက်ကြီး၊ ပြည်ပချောစာဌာနသို့ ဂျာမနီနိုင်ငံကနေ ချောပို့စနစ်နဲ့ ပေးပို့လာတာဖြစ်ပြီး သယ်ဆောင်ရောင်းဝယ်သူတွေဖြစ်တဲ့ ရဲမင်း၊ပွကြီး (ခ) ဇော်ကိုနိုင်နဲ့ ကျော်ထွဋ်တို့ကို ဖမ်းဆီးခဲ့ပြီးနောက် မူးယစ်ဆေးဝါး ဥပဒေတွေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့တယ်လို့ မူးယစ်ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ထားတာပါ။

 

 

အဲဒီနောက် ဖမ်းဆီးရမိသူ ပွကြီး (ခ) ဇော်ကိုနိုင်ရဲ့ ဖော်ထုတ်ချက်အရ သူနေထိုင်တဲ့ ဒေါပုံမြို့နယ် ၊ မြို့သစ်ရပ်ကွက်ကနေအိမ်မှာ မူးယစ်နှိမ်နင်းရဲတပ်ဖွဲ့ဝင်တွေ ရှာဖွေရာ နေအိမ်ဧည့်ခန်းက ဗီရိုထဲမှာ ကာလတန်ဖိုး ၅၆ သိန်းရှိတဲ့ Ice ၇၀ ဂရမ်၊ ကာလပေါက်ဈေး ၉ သောင်းတန် Katamine ၃၀ ဂရမ်နဲ့ မူးယစ်ဆေးဝါးထည့်ထားတဲ့ ဆေးလိပ် ၁၈ လိပ် စီပါ စီးကရက် ၄ ဘူးတို့ကို တွေရှိ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

 

 

လက်ရှိတော့ ရဲမင်း၊ပွကြီး (ခ) ဇော်ကိုနိုင်နဲ့ ကျော်ထွဋ်တို့ကို ကျောက်တံတားမြို့မရဲစခန်းက မယ (ပ) ၁၈/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/ ၂၀ (ခ) နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမှုနဲ့ ပတ်သက်ပြီး Ecstacy ဆေးပြားနဲ့  Katamine အမှုန့်တွေကို သိရှိရှောင်ရှားနိုင်ရန်နဲ့ တွေ့ရှိတယ်ဆိုပါက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းေရေးရဲတပ်ဖွဲ့ ဖုန်း 067-3401708 ကို ဆက်သွယ်သတင်းပေးပု့ိနိုင်ကြောင်း သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က