ဘုရားဖူးသူတစ်ဦး ဆေးလိပ်မီးမငြိမ်းဘဲပစ်ချရာကလောင်ခဲ့တာပါ။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အထင်ကရ ကျိုက်သလ္လံစေတီတော် တောင်ဘက်မုခ် စောင်းတန်းမီးလောင်မှုမှာ ဘုရားဖူးဧည့်သည်တစ်ဦးရဲ့ ဆေးလိပ်မီးကတဆင့် လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့  မော်လမြိုင် ခရိုင် မီးသတ်တပ်ဖွဲ့မှ ခရိုင် ဦးစီးမှူး ဦးရဲအောင်ရဲ့ ပြောပြချက်အရသိရပါတယ်။



 

 

နိုဝင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန်လောက်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆေးလိပ်မီးကနေ မြက်ခြောက် သစ်ရွက်ခြောက်တွေပေါ်ကို မီးကူးစက်ခဲ့ရာကနေ တောင်ဘက် မုခ် လှေကား စောင်းတန်းအောက်က ထုပ်တန်း ၃ ခုမီးလောင်သွားခဲ့တယ်လို့ မော်လမြိုင်ခရိုင် မီးသတ်တပ်ဖွဲ့မှ ခရိုင် ဦးစီးမှူး ဦးရဲအောင်က Duwun ကိုပြောပါတယ်။

 

 

“ဘုရားဖူးလာတဲ့တစ်ဦးကနေ ရင်ပြင်ပေါ်ကနေ ဆေးလိပ်မီးမငြိမ်းဘဲ ပစ်ချခဲ့ရာကနေ အောက်က မြက်ခြောက်သစ်ရွက်ခြောက်တွေကိုကူးစက်ပြီး လောင်ကျွမ်းခဲ့တာ။ စောင်းတန်း ထုပ်တန်း သုံးခုလောက် လောင်သွားတာပါ “ လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး နှစ်သောင်းဝန်းကျင်ရှိခဲ့ပြီး မော်လမြိုင်မြို့ ဒိုင်ဝန်ကွင်းနယ်မြေရဲစခန်းတွင် ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားပြီး မီးလောင်မှု စတင်ခဲ့သူကို CCTV မှတ်တမ်းတွေကနေ စုံစမ်းနေတယ်လို့ မော်လမြိုင် ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းကနေ သိရပါတယ်။

 

အခုလို ကျိုက်သလ္လံံစေတီ စောင်းတန်း မီးလောင်မှုမှာ ပထမဆုံးဖြစ်ပြီး အရင်ကတော့ အခုလိုဖြစ်စဉ်တွေ မရှိခဲ့ဖူးဘူးလို့ မီးသတ်ဦးစီးမှူး ဦးရဲအောင်က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က