ကမ္ဘာသုံးပုံစံမြို့တော်များဖော်ဆောင်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ကို နေချင်စဖွယ်မြို့တော်ကြီးတစ်ခုဖြစ်ဖို့ အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့နိုဝင်ဘာ ၅ ရက်နေ့မှာပြုလုပ်တဲ့  ရန်ကုန်မြို့တော်နဲ့ ကမ္ဘာသုံးပုံစံမြို့တော်များဖော်ဆောင်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။



 

 

“ ဆွေးနွေးပွဲကနေ အသိပညာပေးနိုင်မှုနဲ့ ချမှတ်လိုက်တဲ့ မူဘောင်တွေကို စနစ်ကျတဲ့ universal design တစ်ခုထွက်နိုင်အောင်လုပ်ပြီးတော့ လုပ်မှာဖြစ်ပါတယ်။ ဒါက မြို့တော်ဖွံ့ဖြိုးတိုးတက်ဖို့နဲနိုင်ငံတကာက အသိအမှတ်ပြုပြီး နေချင်စဖွယ်မြို့တော်ဖြစ်အောင်လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ” လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဆွေးနွေးပွဲက ရရှိတဲ့အချက်အလက်တွေကိုလည်း စည်ပင်၊ဌာနဆိုင်ရာတွေနဲ့ လူမှုအဖွဲ့အစည်းတွေက အကြံညာဏ်တွေကိုရယူပြီးတော့ ပြည်သူတွေအတွက် အဆင်ပြေချောမွေ့ပြီးတော့ ကောင်းမွန်တဲ့ နေချင်စဖွယ်မြို့တော်ဖြစ်အောင် ရလာဒ်ကောင်းတွေထွက်ပေါ်မယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ရလာဒ်များကို မည်သည့်နေရာမှာ pilot project လုပ်မည်ဆိုသည်ကို စဉ်းစားရန်လိုပြီး ရန်ကုန်မြို့အထဲရှိမြို့နယ် ၆ မြို့နယ်ကို ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်မလား၊ မည်သည့့်နေရာကို ဆောင်ရွက်မလဲ စတာတွေကို အလုပ်ရုံဆွေးနွေးပွဲအပြီးမှာ ဆက်လက်ဆောင်ရွက်ရမယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့အတွင်းမှာရှိတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို ရန်ကုန်ုတိုင်းဝန်ကြီးချုပ်အနေနဲ့ YBS စနစ်ကို ၂၀၁၇ ခုနှစ်မှာ စတင်ပြောင်းလဲခဲ့ပါတယ်။ Yangon Water Bus ကိုလည်း ၂၀၁၇ ခုနှစ်မှာပဲ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ အောက်တိုဘာလ အတွင်းမှာ တစ်နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။

 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က