ဇနီးဖြစ်သူအိမ်ပေါ်က ဆင်းတဲ့ကိစ္စကို စိတ်ညစ်ပြီး သေကြောင်းကြံခဲ့တာပါ။

မိုင်းဖြတ်မြို့နယ်မှာ မိမိကိုယ်ကိုပါ သေကြောင်းကြံရင်း သားသမီး ၃ ဦးကို သတ်ဖို့ကြံစည်မှု မိုးဖြတ်မြို့နယ်မှာ  ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

 

 

အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့ပြီး မိုးဖြတ်မြို့နယ်၊ နမ့်ဟွေယွန်းကျေးရွာမှာနေတဲ့ အသက် ၃၉ နှစ်အရွယ် လီပိုးဆိုသူက သူ့ရဲ့ မိန်းမ အိမ်ပေါ်က ဆင်းတဲ့ကိစ္စကို စိတ်ညစ်ပြီး သားသမီး ၃ ဦးကို ပေါင်းသတ်ဆေးရည်တိုက်ကျွေးပြီး သူကိုယ်တိုင်လည်း တူမီးသေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

သားဖြစ်သူ အသက် ၆ နှစ်အရွယ် မောင်ကျနူး ၊ အသက် ၂ နှစ်အရွယ် မောင်အားဆာနဲ့ အသက် ၅ နှစ်အရွယ် မယားမီတိတို့ ၃ ဦးကို Pato တံဆိပ်ပါ ထိုင်းနိုင်ငံထုတ် ပေါင်းသတ်ဆေးရည် တိုက်ကျွေးခဲ့ပြီးနောက် အရှည် ၄ ပေ ၉ လက်မရှိတဲ့တူမီးသေနတ်ကို ပါးစပ်အတွင်းထည့် ပစ်ခတ်ခဲ့ရာ ညာဘက်ပါး ပေါက်ထွက်ဒဏ်ရာ ၁ ချက်ရရှိခဲ့ရာ ဒဏ်ရာ အခြေအနေ စိုးရိမ်ရကာ သေဆုံးသွားခဲ့တယ်လို့ ပြည်ထဲရေး က သတင်းထုတ်ပြန်ထားပါတယ်။

မောင်ကျနူးအပါအဝင် သားသမီး ၃ ဦးမှာတော့ မူးဝေအော့အန်ခဲ့ပြီး မိုင်းဖြတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူ လီပိုးကို မိုင်းဖြတ်မြို့မ ရဲစခန်း(ပ) ၂၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၀၉ (လူသတ်ရန်ကြံစည်မှု/ မိမိ ကိုယ်ကိုသေကြောင်းကြံစည်မှု)ဖြင့် အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က