လွန်ခဲ့တဲ့၃လလောက်တုန်းကအမျိုးသမီးတစ်ဦးထံကနေသိန်း၁၀၀နှိုက်ယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တာပါ။

မန္တလေးမြို့မှာနိုဝင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့တဲ့  ဆိုင်ကယ်တူးဘောက်အတွင်းကနေ ငွေ ၁၉ သိန်းခိုးယူခဲ့သူကို ဖမ်းမိခဲ့ပြီး ဖော်ထုတ်စစ်ဆေးခဲ့ရာ နောက်ထပ် ငွေ သိန်း ၁၀၀ ခိုးယူခဲ့မှု ထပ်မံပေါ်ပေါက်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က  နိုဝင်ဘာ ၇ ရက်က သတင်းထုတ်ပြန်ပါတယ်။



 

 

တရားခံ စောမင်းဦးကို စစ်ဆေးခဲ့ရာ လွန်ခဲ့တဲ့ ၃ လလောက်တုန်းက မန္တလေးမြို့ လမ်း၃၀ နဲ့ ၈၅ လမ်းရှိ နိုင်ငံခြားငွေလဲလှယ်တဲ့ဘဏ်ကနေ ထွက်လာတဲ့ အမျိုးသမီးတစ်ဦးထံကနေ ငွေသိန်း ၁၀၀ နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။

အဆိုပါအမျိုးသမီးက ငွေတွေကို ဆိုင်ကယ်တူးဘောက်အတွင်း ထည့်ထားခဲ့ပြီး ဈေးဆင်းဝယ်နေစဉ် စောမင်းဦးက ခိုးယူသွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့စစ်ဆေးချက်အရသိရပါတယ်။

ခိုးယူခဲ့တဲ့  ကျပ်သိန်း ၁၀၀  နဲ့ ပြိုင်ကားတစ်စီးကို ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး အောင်မြေသာစံရဲစခန်းကို ဆက်သွယ်စုံစမ်းခဲ့ရာ အဆိုပါ ရဲခစန်းကနေ ဒီအမှုကို သြဂုတ်လ ၂၄ ရက်က အမှုဖွင့်ထားခဲ့တယ်လို့သိရပါတယ်။

အဲဒါကြောင့် တရားခံစောမင်းဦးနဲ့ ဝယ်ယူအသုံးပြုထားတဲ့ ပြိုင်ကားနဲ့ အတူကို  အောင်မြေသာစံရဲစခန်းကို အမှုလွှဲပြောင်းပေးခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က အောင်မြေသာစံမြို့နယ်မှာ နေထိုင်တဲ့မစုသီရိစံက မိခင်နဲ့ အတူ ကမ္ဘာဇဘဏ်ကို သွားရောက်ပြီး ဖခင်ဖြစ်သူ ပေးပို့လာတဲ့ ငွေ ၁၉ သိန်းကို ထုတ်ယူခဲ့ပြီးနောက် ၁၉ လမ်းရှိ ဒင်္ဂါးစားသုံးဆီ ဆိုင်မှာ ခေတ္တရပ်ပြီး ဆန်ဝင်ဝယ်နေစဉ်ဆိုင်ကယ်တူးဘောက်အတွင်း ထည့်ယူထားခဲ့တဲ့ ငွေ ၁၉ သိန်း ခိုးယူခံခဲ့ရတာဖြစ်ပါတယ်။

ခိုးယူသွားသူမှာ Click ဆိုင်ကယ်နှင့် CZI-125 ဆိုင်ကယ်စီးလာသူ အမည်မသိအမျိုးသား ၃ ဦး လို့သိရှိရပြီး မန္တလေး အမှတ် ၁ ရဲစခန်းကို အမှုဖွင့်တိုင်ကြားခဲ့ရာမှ CCTV မှတ်တမ်းတွေကတစ်ဆင့်တရားခံကို ဖမ်းမိခဲ့ပြီး နောက်ထပ် သိန်း ၁၀၀ ခိုးယူခဲ့မှုကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က