AD
AD
AD

ရန်ကုန်မြို့က ဦးဝိစာရအ၀ိုင်း၊ ဦးထောင်ဘို အ၀ိုင်းနဲ့ ဟံသာဝတီအ၀ိုင်းတွေမှာ မီးပွိုင့်တပ်ဆင်ထားတာတွေကို စမ်းသပ်ကာလကနေ မလုပ်ဆောင်တော့ဖို့ ပယ်ဖျက်လိုက်တယ်လို့ YRTA ကတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

 

play

 

“ ယာဉ်ကြောကပိုကြပ်လာတယ်။မစမ်းသပ်ခင်ကတည်းက ဒီဟာက အောင်မြင်ဖို့ မလွယ်ဘူးလေ။စာချုပ်အလိုအရတော့ ကော်မရှင်းနင်းအရ လုပ်ကိုလုပ်ပေးရတယ်။ စာချုပ်အရတော့ ၁၅၄ မီးပွိုင့်ကို လုပ်ခွင့်ရတယ်ဆိုတော့ အ၀ိုင်းသုံးခုက ပါတယ်။အ၀ိုင်းတွေကို စမ်းတာကိုတော့ ရပ်လိုက်တာပါ။ ” လို့ သူကပြောပါတယ်။

play

အ၀ိုင်းတွေမှာ မီးပွိုင့်စနစ်နဲ့ စမ်းသပ်လည်ပတ်တာကို နိုဝင်ဘာ ၄ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိပြုလုပ်ခဲ့ရာမှာ မအောင်မြင်တာကြောင့် ဒီလိုရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုတွေက ရုံးသွားရုံးဆင်းချိန်မှာပါ ဖြစ်ပေါ်နေတာကြောင့်လို့ စမ်းသပ်လည်ပတ်တာကို ရပ်ဆိုင်းလိုက်တာပါ။

အ၀ိုင်းတွေမှာ မီးပွိုင့်တပ်ပြီးတော့ စမ်းသပ်တာကိုတော့ ယခင်နှစ်ကပြုလုပ်ခဲ့ဖူးပြီးတော့ ယာဉ်ကြောကြပ်တည်းမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ပြန်လည်ရုပ်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD