မိုးဇလဦးစီးဌာနက နိုဝင်ဘာ ၈ ရက်နေ့ညနေငါးနာရီက သတင်းထုတ်ပြန်လိုက်ပါတယ်။

လာမယ့့်နှစ်ရက်အတွင်း လေဖိအားနည်းရပ်ဝန်းအားကောင်းလာနိုင်ပြီးတော့ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက နိုဝင်ဘာ ၈ ရက်နေ့ညနေ ငါးနာရီက သတင်းထုတ်ပြန်လိုက်ပါတယ်။

 

 

ထိုင်းပင်လယ်ကွေ့မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက်ကို ဆက်ရွေ့လျားပြီး နောက်တစ်ရက်အတွင်းမှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အောင်အရှေ့တောင်ပိုင်းကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်းက အနောက်-အနောက်မြောက်ဘက်ကို ဆက်ရွေ့လျားနိုင်ပြီးတော့ နောင် နှစ်ရက်အတွင်းမှာ ပိုအားကောင်းလာပြီး မုန်တိုင်းငယ် အဖြစ်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် တနသာၤရီတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

မုတ္တမကွေ့၊မွန်-တနသာၤရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ မိုးသက်လေပြင်းကျရောက်ပြီးတော့ လှိုင်းအသင့်အတင့်က လှိုင်းကြီးနိုင်ပြီး တစ်နာရီကို (၃၅) မိုင်အထိတိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။ လှိုင်းအမြင့်ကတော့ ကမ်းလွန်ပင်လယ်ပြင်မှာ ၆ ပေကနေ ၉ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပြီးတော့ ပဲခူး၊ရန်ကုန်၊ဧရာဝတီ၊ တနသာၤရီ၊ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

Share

Loading Next Article...
က္က