ငွေခိုးယူသူမှာ စက်ရုံကော်စေ့တွေ ခိုးယူရောင်းချခဲ့လို့ အလုပ်ထုတ်ခံခဲ့ရတာပါ။

တောင်ဒဂုံမြို့နယ်က ရေသန်ဘူးခွံစက်ရုံမှာ အလုပ်လုပ်ကိုင်တဲ့အလုပ်သမားက  အလုပ်ထုတ်ခံရပြီး တစ်လအကြာမှာ အဆိုပါစက်ရုံ မီးခံသေတ္တာမှာ ထည့်ထားတဲ့  ငွေ ၁၅ သိန်းခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က နိုဝင်ဘာ ၈ ရက်က သတင်းထုတ်ပြန်ပါတယ်။

 

ဖြစ်စဉ်ကတော့ တောင်ဒဂုံမြို့နယ်၊ ၁၄၄ ရပ်ကွက်၊ဂရုဏာလမ်းရှိ ရေသန့်ဘူးခွံစက်ရုံမှာ နိုဝင်ဘာ ၅ ရက် မနက် ၆ နာရီခွဲအချိန်လောက်မှာ ပိုင်ရှင်က စက်ရုံပြတင်းပေါက်စတီးသံတိုင်ရဲ့ မူလီပြုတ်ထွက်နေတာကို တွေ့ရှိခဲ့တာကြောင့် စစ်ဆေးရာ ရုံးခန်းအတွင်းက မီးခံသေတ္တာထဲက ငွေစက္ကူအရော ၁၅ သိန်း ပျောက်ဆုံးနေတာကို တွေ့ရတယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တောင်ဒဂုံရဲစခန်းကအခင်းဖြစ်စဉ်နဲ့အနီးအနားပတ်ဝန်းကျင်ကို ဆက်လက်စုံစမ်းရာ  အဆိုပါ ငွေ ၁၅ သိန်းခိုးယူသူမှာ စက်ရုံကော်စေ့တွေ ခိုးယူရောင်းချခဲ့လို့  လွန်ခဲ့တဲ့ ၁ လလောက်က စက်ရုံကနေ အလုပ်ထုတ်ခံခဲ့ရတဲ့ သန်းလင်းအောင် (ခ) အောင်ကို ဆိုသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာလို့ သိရပါတယ်။

ကျူးလွန်သူ သန်းလင်းအောင် (ခ) အောင်ကို မှာ သူ့ရဲ့ နေအိမ်ဖြစ်တဲ့တောင်ဒဂုံမြို့နယ် သော်ကလမ်း (၂၂) ရပ်ကွက် မှာ ဖမ်းမိခဲ့ပြီး စစ်ဆေးချက်အရ ခိုးယူရရှိတဲ့ ငွေတွေနဲ့ ဝယ်ယူခဲ့တဲ့ ကျောပိုးအိတ် ၁ လုံး၊ Vivo Y-53 အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း(၁)လုံး၊သက်သေခံ မီးခံသေတ္တာ(၁)လုံးနှင့် ငွေစက္ကူအရော လေးသောင်းကျော်တို့ကို ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က ထုတ်ပြန်ထားတာပါ။

Share

Loading Next Article...
က္က