အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ဆောင်ရွက်တာကို ခွင့်ပြုတယ်လို့ ထုတ်ပြန်ကြေငြာလိုက်တာဖြစ်ပါတယ်။

နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေနည်းတူ ပြည်တွင်းမှာလုပ်ကိုင်ခွင့်ပြုလိုက်တယ်လို့ နိုဝင်ဘာ ၉ ရက်နေ့က နိုင်ငံတော်ဗဟိုဘဏ်ကနေ ထုတ်ပြန်လိုက်ပါတယ်။

 

e33b894fc2423f7930b3b33cf6ce10b2.JPG 

ပြည်တွင်းစီးပွားရေးုလုပ်ငန်းတွေ ဘဏ္ဍာငွေရရှိနိုင်တဲ့ အခွင့်အရေး ပိုရရှိစေဖို့နိုင်ငံတော်ဗဟိုဘဏ်ကနေ နိုင်ငံခြားဘဏ်ဘဏ်ခွဲတွေကို ပြည်တွင်းဘဏ်တွေနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို မည်သည့်ချေးငွေဖြည့်ဆည်းမှု ဆောင်ရွက်ခြင်းနဲ့ အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ဆောင်ရွက်တာကို ခွင့်ပြုတယ်လို့ ထုတ်ပြန်ကြေငြာလိုက်တာဖြစ်ပါတယ်။

“ပြည်တွင်းဘဏ်တွေကနိုင်ငံခြားဘဏ်တွေကနေ ငွေချေးလို့ရလာနိုင်မယ်။ ပြည်တွင်းဘဏ်တစ်ခုနဲ့ပေါင်းပြီးတော့ အပေါင်ခံတာမျိုးပူးပေါင်းဆောင်ရွက်နိုင်တာမျိုးတွေရှိလာမယ်။ ပြိုင်ဆိုင်မှုကတော့ ရှိလာမှာပါပဲ။ ဘယ်လိုဝန်ဆောင်မှုတွေပါလာမလဲဆိုတာကတော့ ဗဟိုဘဏ်ကနောက်ပိုင်းမှာ ထပ်ပြီးထုတ်ပြန်ပါလိမ့်မယ် ” လို့ ဘဏ်လုပ်ငန်းအကြံပေးဖြစ်သူ ဦးရဲမင်းဦးက Duwun ကို ပြောပါတယ်။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားဘဏ် ဘဏ်ခွဲတွေကို ဘဏ်ခွဲလိုင်စင်ထုတ်ပေးရာမှာ နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းတွေ၊ပြည်တွင်း၊နိုင်ငံခြားငွေရေးကြေးရေး အဖွဲ့အစည်းတွေ ပြည်တွင်းငွေကြေးအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ ပြည်တွင်းက ကုမ္ပဏီ/လုပ်ငန်းတွေအတွက် လက်ကားဘဏ်လုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၇ ဒီဇင်ဘာ ၈ ရက်နေ့ မှာလည်း ပို့ကုန်ချေးငွေဖြည့်ဆည်းမှုနဲ့ ပို့ကုန်လုပ်ငန်းနဲ့ဆက်စပ်တဲ့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေ ကိုဆောင်ရွက်ခွင့်ပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

 

Share

Loading Next Article...
က္က