ဆိုင်ကယ်ပေါ်ပါလာတဲ့ လူငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့  အောင်မြေသာစံရဲစခန်းကနေ သိရပါတယ်။

မန္တလေးမြို့အောင်မြေသာစံမြို့နယ် ၇၈ လမ်းနဲ့ ၂၆ လမ်းထောင့်ကျုံးဘေးမှာ ဒီနေ့မနက် ၁၂ နာရီကျော်အချိန်က ပြိုင်ကားတစ်စီးက အရှိန်လွန်ပြီး ဆိုင်ကယ်ကို ဝင်တိုက်တာကြောင့် ဆိုင်ကယ်ပေါ်ပါလာတဲ့ လူငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့  အောင်မြေသာစံရဲစခန်းကနေ သိရပါတယ်။



 

 

၇၈ လမ်းအတိုင်း တောင်ကနေမြောက်ဘက်ကို မောင်းနှင်လာတဲ့ Toyota lexus ပြိုင်ကားအနီရောင်က အရှိန်မထိန်းနိုင်ဘဲနဲ့ ရပ်ထားတဲ့ဆိုင်ကယ်ကို ဝင်တိုက်မိတာဖြစ်ပါတယ်။

“ဖြစ်ဖြစ်ချင်းပဲ အမှုဖွင့်တယ်။ လူသေစေမှု၊ ယာဉ်တိုက်မှုနဲ့အမှုဖွင့်ထားတယ်။ ” လို့အောင်မြေသာစံမြို့နယ်ရဲစခန်းက တာဝန်ကျ ရဲအရာရှိက Duwun ကိုပြောပါတယ်။

ပြိုင်ကားကမီးပွိုင့်မှာရပ်ထားတဲ့ဆိုင်ကယ်ကိုအရှိန်ပြင်းပြင်းနဲ့တိုက်မိတာဖြစ်ပြီးတော့ ယာဉ်ပေါ်ပါလူနှစ်ဦးလုံးလွင့်စင်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဆိုင်ကယ်ပေါ်မှာစီးနင်းလာတဲ့ အသက် ၂၃ နှစ်နဲ့ ၂၆ နှစ်အရွယ်လူငယ်နှစ်ဦးက ဆေးရုံကိုပို့ဆောင်တဲ့လမ်းမှာပဲ သေဆုံးသွားခဲ့တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က