နှိပ်စက်မှုတွေလည်းဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

ခရီးသွားလုပ်ငန်းရှင်တစ်ဦးကို ဖုန်းခိုးတဲ့တရားခံတစ်ဦးနဲ့မှားယွင်းပြီးတော့ ဖမ်းဆီးနှိပ်စက်မှုအလုံမြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ ကာယကံရှင်ဖြစ်သူ က နိုဝင်ဘာ ၁၀ ရက်နေ့မှာ Duwun ကိုပြောပါတယ်။

 

45757361_2255725987997561_2152909647688761344_n.jpg

Photo - Ahlone Tsp

 

နိုဝင်ဘာ၉ ရက်နေ့ ညနေခြောက်နာရီခန့်အချိန်က ကာယကံရှင်ရဲ့အိမ်ရှေ့မှာဖမ်းဆီးသွားခဲ့တာဖြစ်ပြီးတော့ ရဲစခန်းမှာ မှားယွင်းပြီးဖမ်းဆီးခံခဲ့ရပြီး ထိုးကြိတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

“ကျွန်တော့့်ကို CCTV မှာပါတဲ့ဖုန်းယူသွားတဲ့တရားခံနဲ့ မှားပြီးတော့ဖမ်းတယ်။ ညနေ ခြောက်နာရီလောက်နေ ၁၁ နာရီအထိပါ။ ကျွန်တော့်ကို မေးတာ ရဲ လေးယောက်ငါးယောက်လောက်ရှိတယ်။ တစ်ယောက်ကမူးနေတယ်။ရင်ဘတ်ကိုထိုးတယ်။ နောက်ပြီးနှစ်ချက်ရိုက်တယ်။ လက်ထိပ်ခတ်ထားတယ်။ ပုံစံအတင်းထိုင်ခိုင်းတယ်။ ခြိမ်းခြောက်တယ်။အဲ့လိုလုပ်နေစဉ်အတွင်းမှာပဲ မြို့နယ်မှုးက ရောက်လာတော့မှ ပြန်ကြည့်ပြီးကျွန်တော်မဟုတ်မှန်းသိလို့ ပြန်လွှတ်ပေးလိုက်တာ။"လို့ကာယကံရှင်ဖြစ်သူ ကိုအောင်စိုးထိုက်ကပြောပါတယ်။

သူ့အနေနဲ့ တရားစွဲမယ်ဆိုပြီးလုပ်ဆောင်ထားပေမယ့်လုပ်ငန်းလုပ်ကိုင်နေလို့ မအားတာကြောင့်၊ နောက်ထပ်လူတွေမခံရအောင်၊ မှားယွင်းဖမ်းဆီးပြီး နှိပ်စက်တာမျိုးမဖြစ်အောင်နှိပ်စက်သူတွေကို အရေးယူပေးဖို့အတွက် လုပ်ဆောင်မယ်လို့လည်းပြောပါတယ်။

ဖြစ်စဉ်က အလုံမြို့နယ်ထွေအုပ်ရုံးက ဖုန်းကိုခိုးယူခဲ့တဲ့ CCTV အရအဆိုပါမှားယွင်းဖမ်းဆီးခံရသူနဲ့ ရုပ်ချင်းဆင်တူနေတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်ပြီးတော့ အချိန်ငါးနာရီကျော်ကြာ စစ်ဆေးမေးမြန်းပြီး ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တာလို့လည်း ကာယကံရှင်ကပြောပါတယ်။

Share

Loading Next Article...
က္က