ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုက ယခုနှစ်မှာကျဆင်းနေပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဟိုတယ် နဲ့တည်းခိုရပ်သာပေါင်း ၁၇၀၀ ကျော်ရှိပြီး အဲ့ဒီဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အခန်းပေါင်း ၆၈၁၆၇ ခန်းခွင့်ပြုပေးထားတယ်လို့ ဟိုတယ်နှင့့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။


 

45702479_2454856367874948_4386796540056829952_n.jpg

photo - twomonkeytravelgroup

 

လက်ရှိမှာ နေပြည်တေ်ာမှာ ဟိုတယ် ၆၅ လုံးနဲ့ တည်းခိုခန်း ၅၅၆၁ ခန်း၊ ရန်ကုန်မှာ ၄၀၄ လုံံးနဲ့ တည်းခိုခန်း ၂၁၁၄၇ ခန်း၊ မန္တလေးမှာ ဟိုတယ် ၂၁၉ လုံးနဲ့ တည်းခိုခန်းပေါင်း ၉၀၇၃ ခန်း၊ ပုဂံ/ညောင်ဦးမှာတော့ ဟိုတယ် ၈၅ လုံး နဲ့ ဧည့်ရိပ်သာ ၃၀၁၉ လုံး နဲ့ တောင်ကြီး/အင်းလေးမှာ ဟိုတယ် ၁၄၅ လုံးနဲ့ တည်းခိုခန်း ၄၆၀၆ ခန်း ကို ခွင့်ပြုပေးထားတယ်လို့ အောက်တိုဘာလ အထိကောက်ယူခဲ့တဲ့ စာရင်းဇယားတွေမှာဖော်ပြထားပါတယ်။

ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ကိုတော့ ပြည်ပ ကုမ္ပဏီ ၁ ခု ၊နိုင်ငံခြားသားနှင့် နိုင်ငံသားပိုင်ကုမ္ပဏီ ၄၁ ခု၊ နိုင်ငံသားပိုင် ကုမ္ပဏီ ၂၆၇၀ ခု တို့ကိုထုတ်ပေးထားတယ်လို့ သိရပါတယ်။ ဧည့်လမ်းညွှန်လိုင်စင်ကိုတော့ ၄၄၀၇ ခုုထုတ်ပေးထားပြီးတော့ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်ကိုတော့ ၃၈၁၁ ခုထုတ်ပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုက ယခုနှစ်မှာကျဆင်းနေတယ်လို့ ဝန်ကြီးဌာနက စာရင်းတွေအရ သိရပြီးတော့ခရီးသွားဝင်ရောက်မှုများလာစေဖို့ ကမ်ပိန်းတွေရည်ရွယ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ မီလန်မြို့တို့အကြားးတိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲမှုကိုလည်း အောက်တိုဘာလအတွင်းက စတင်ခဲ့တာဖြစ်ပြီးတော့ ခရီးသွားတိုးတက်မှုများလာစေဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က