မုန်တိုင်းငယ်ကြောင့် တိုင်းနဲ့ပြည်နယ်တွေမှာ မိုးရွာနိုင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက် ၂၄ နာရီအတွင်း အားကောင်းလာမှာ ဖြစ်ပြီး မြန်မာနိုင်ငံဘက်ကိုတော့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိဘူးလို့ မိုးဇလဌာနက နိုဝင်ဘာ ၁၁ ရက် မနက် ၁၁ နာရီ က သတင်းထုတ်ပြန်ပါတယ်။



 

gaja cyclone.jpg 

ဆိုင်ကလုန်းမုန်တိုင်း ဂါဂျာမုန်တိုင်းငယ်ဟာ ဘင်္ဂလားပင်လယ်အော် အနောက်- အနောက်မြောက်ဘက်ကို ရွှေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ပိုဘလဲယားမြို့ရဲ့ အနောက်မြောက်ဘက်မိုင် ၂၃၀ ခန့်၊ ချင်းနိုင်မြို့ရဲ့ အရှေ့ဘက်မိုင် ၅၃၀ ခန့်နဲ့ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၄၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ဆိုပါတယ်။

 

tame news.jpg

လက်ရှိအခြေအနေမှာတော့ ဂါဂျာဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတဲ့အပြင် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဒါပေမယ့် ဂါဂျာ ဆိုင်ကလုန်းမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီနေ့ မနက်ကနေ နောက်ထပ် ၃၆  နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျကျဲကနေ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာ့ကမ်းရိုးတစ်လျှောက်နဲ့ ကမ်းလွန်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ကာ လှိုင်းကြီးနိုင်ပြီးတော့ လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေ ခန့် ရှိနိုင်တာကြောင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သဘောၤတွေအနေနဲ့ ကြိုတင်သတိပြုကြဖို့ မိုးဇလက တိုက်တွန်းအကြံပြုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က