ကုန်ပစ္စည်းဝန်ဆောင်မှုတွေအတွက်ဖြစ်ပါတယ်။

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတွေနဲ့ သီလဝါဆိပ်ကမ်းအတွက် ယာဉ်ကြော သွားလာရေး ပိတ်ဆို့မှု လျှော့ချပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာမှာ ကုန်ကျစရိတ် လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ကုန်းတွင်းဆိပ်ကမ်း စီမံကိန်းဖြစ်တဲ့ Yangon Dry Port ကို ရွာသာကြီးမှာ နိုဝင်ဘာ ၁၁ ရက်နေ့ကဖွင့်လှစ်လိုက်ပါတယ်။



 

Photo - KM

 

ဆိပ်ကမ်းမှာ အကောက်ခွန်စစ်ဆေးမှုတွေလည်း ထားရှိထားပြီး ၂၄ နာရီ ၇ ရက် လုပ်ငန်းလည်ပတ်မှု၊ ကွန်တိန်နာ ထိန်းသိမ်းခြင်းနဲ့  သန့်ရှင်းရေး ဝန်ဆောင်မှုတွေ IT ချိတ်ဆက်စုံစမ်း စစ်ဆေးခြင်း၊ ဆိပ်ကမ်း အလေးချိန်စက်၊ ကုန်ပစ္စည်းအာမခံနဲ့ ပြန်လည်တင်ပို့မယ့် ကုန်ပစ္စည်းတွေအတွက် သွင်းကုန်-ပြည်ပပို့ကုန် အခွန်လွတ်ကင်းခွင့် စသည်ဝန်ဆောင်မှုတွေလည်းပါရှိမယ်လို့ သိရပါတယ်။

“စီမံခန့်ခွဲရေးအဖွဲ့ရဲ့ နှစ်ပေါင်း (၂၀) ကျော် ကုန်ပစ္စည်းကိုင်တွယ်စီမံရေး အတွေ့အကြုံတွေနဲ့အတူ ဒီကုန်းတွင်းဆိပ်ကမ်း နှစ်ခုက သွင်းကုန်၊ ပို့ကုန်တွေရဲ့ လည်ပတ်စီးဆင်းမှုကို အဆင့်မြင့်စေပြီး ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့တာကနေ ဝေးတော့ အချိန်ကုန်သက်သာတယ်။ နောက်ခေတ်မီစက်ပစ္စည်းတွေနဲ့ ကွန်ပျုတာထိန်းချုပ် စနစ်ကို သုံးထားတဲ့အတွက် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို လျှော့ချပေး မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းကနေ ကုန်းတွင်းဆိပ်ကမ်းတွေကို ရထားသံလမ်းကို သုံးထားတဲ့အတွက် အာမခံတွေရှိလို့ စိတ်ပူစရာလည်း မလိုဘူးပေါ့” လို့ KM Terminal and Logistics Limited ၏ အထွေထွေ မန်နေဂျာဦးညီထွဋ်က ပြောပါတယ်။

Photo - KM

ရန်ကုန်ကုန်းတွင်းဆိပ်ကမ်းဟာ ရေယာဉ်များအကြား ကုန်ပစ္စည်းစီးဆင်းမှုကို မြန်ဆန်စေကာ ကုန်းတွင်းအဓိက သယ်ယူ ပို့ဆောင်ရေး ကွန်ယက်များကိုလည်း ပိုအဆင်ပြေချောမွေ့စေမည်ဖြစ်သည့်အပြင် ကုန်စည်လက်ခံသူများနှင့် တင်ပို့သူများ အတွက်လည်း တန်ဖိုးအသစ်များ ဖန်တီးပေးနိုင်မယ်လို့ သူက ယုံကြည်ပါတယ်။

ရွာသားကြီး ကုုန်းတွင်းဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံ အလယ်ဗဟိုမှာတည်ဆောက်ထားတဲ့ မြစ်ငယ် ကုန်းတွင်းဆိပ်ကမ်း နှစ်ခုဟာ  မြန်မာပြည် အောက်ပိုုင်းနဲ့ အထက်ပိုင်း အကြား ကုန်သွယ်ရေးကို ကူညီထောက်ပံ့ပေးပြီး အိမ်နီးချင်းနိုင်ငံများအထိပါ ကုန်သွယ်မှုလမ်းကြောင်း ဖွင့်သွားနိုင်မယ်လို့ ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က