ယာဉ်မောင်းကထွက်ပြေးနေပါတယ်။

ရန်ကုန်က ခရေပင်လမ်းခွဲမှာ ကားခြောက်စီးဆင့်တိုက်မှုဒီနေ့မနက် ကိုးနာရီ ၁၅ မိနစ်လောက်က ဖြစ်ပွားခဲ့ပါတယ်။

 

 

“ခရေပင်လမ်းခွဲ တစ်ဝက်လောက်ကုန်းဆင်းနားမှာဖြစ်တာပါ။ ဘောက်ဆာနားကကျွန်တော်က မောင်းလာတာပါ။ဘောင်ဆာကားက ဘရိတ်ပေါက်ပီး လမ်းလယ်ကောင်မှာပြင်နေတဲ့ကားကိုတိုက်တာ။သူကတနညေပီး တစ်ဖက်ယာဉ်ကြောကကားကိုတိုက်တယ်။အဲ့ဒါ့ပြီးတော့ ကြက်တူရွေးကးကိုတိုက်တယ်။ကြက်တူရွေးကနေ ဟိုင်းဂျက်ကိုဝင်တိုက်တယ်။လူအသေအပျောက်မရှိဘူး။ဘောင်ဆာကားမှားတယ်လိို့ ပြောရမှာပေါ့။” လို့ ယာဉ်တိုက်မှုကိုကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ကိုကျော်မိုးဟိန်းက Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ ကားတွေက မရှင်းနိုင်သေးဘူးလို့သိရပြီးတော့ယာဉ်ဆင့်တိုက်မှုဖြစ်ပေါ်စေခဲ့တဲ့ ဆီဘောက်ဆာကားက ယာဉ်မောင်းကတော့တိမ်းရှောင်နေတယ်လို့ သိရပါတယ်။

လမ်းပိတ်မှုဖြစ်ပေါ်ခဲ့ပြီးတော့ အတိုက်ခံရတဲ့ကားတွေမှာ ခရီးသည်တွေမပါတာကြောင့်လူတွေထိခိုက်မှုမရှိဘူးလို့လည်း ပြောပါတယ်။

Share

Loading Next Article...
က္က