သူဌေးကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ခြံထဲကို ဝင်ရောက်ပြီး အနုကြမ်းစီးသူတွေဟာ ၁၀ ဦးဝန်းကျင်လောက်ရှိမယ်လို့ ပတ်ဝန်းကျင်နေသူတွေက ခန့်မှန်းကြပြီး သူတို့ထဲက ၂ ဦးက ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

 

အလုံမြို့နယ် ဗဟိုလမ်း ခြံအမှတ် ၅၁ (ခ) ကို လူအုပ်စုနဲ့ဝင်ပြီး အနုကြမ်းစီးသူတွေထဲက ၂ ယောက်ကို ဖမ်းမိခဲ့ပြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးမှာ ခေါ်ယူစစ်ဆေးနေတယ်လို့ အလုံရဲစခန်းက ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

ခြံထဲကို ဝင်ရောက်ပြီး အနုကြမ်းစီးသူတွေဟာ ၁၀ ဦးဝန်းကျင်လောက်ရှိမယ်လို့ ပတ်ဝန်းကျင်နေသူတွေက ခန့်မှန်းကြပြီး သူတို့ထဲက ၂ ဦးက ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

 

အနုကြမ်းစီးသူတွေဟာ နိုဝင်ဘာ ၁၂ ရက်နေ့ ည ၇ နာရီ ကျော်လောက်မှာ မျက်နှာဖုန်းတွေ စွပ်ပြီး အဲ့ဒီခြံထဲကို ဝင်ကာ ခြံရဲ့ သူဌေးဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ အနီးအနားခြံမှာနေထိုင်သူတွေကပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ သူဌေးနဲ့ဖမ်းသွားတဲ့သူတချို့ကို ရဲက ပြန်လည်ဖမ်းမိပြီလို့ ပြောဆိုမှုတွေရှိနေပေမယ့် ရဲတပ်ဖွ့ဲကတော့ အတည်ပြုထုတ်ပြန်တာမျိုးမရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က