ဒေသခံတွေရဲ့နေအိမ်မှာတွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ၊ပေါင်မြို့မှာ ဧရာဝတီလင်းပိုင်အသေတစ်ကောင်ကိုဒေသခံတွေရဲ့ နေအိမ်မှာတွေ့ရှိခဲ့တယ်လို့ Biodiversity and Nature Conservation Association –BANCA Bird Life Myanmar က နိုဝင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။



45833257_946062278921063_3073550846957453312_n.jpg 

ပေါင်မြို့နယ်က အလုပ်ကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့က တွေ့တာဖြစ်ပြီးတော့ ဒေသခံတွေရဲ့နေအိမ်မှာတွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီလင်းပိုင်ကို တော့ ဒေသခံတွေရဲ့ ပိုက်အတွင်းမှာဖမ်းဆီးရမိတယ်လို့ သိရပြီးတော့ အရှည် ၅ ပေခွဲခန့်၊ လုံးပတ် ၄ ပေခွဲခန့်ရှိပြီးတော့ အမဖြစ်တယ်လို့ သိရပါတယ်။

တွေ့ရတဲ့လင်းပိုင်ကိုတော့ အတောင်ပံတွေဖြတ်ထားလျက်သားနဲ့ အတွင်းကလီစာတွေပါထုတ်ထားတာကိုတွေ့ရပါတယ်။

အဆိုပါလင်းပိုင်တွေက မုတ္တမပင်လယ်ကွေ့ဝန်းကျင်မှာကျက်စားလေ့ရှိပြီးတော့ ဒေသခံတွေရဲ့ ငါးဖမ်းပိုက်အတွင်းမှာ မကြာခဏဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဧရာဝတီလင်းပိုင်က မြန်မာနိုင်ငံမှာ အကောင်ရေ တဖြည်းဖြည်းကျဆင်းလာနေပြီးတော့ ထိန်းသိမ်းရေးလုပ်ငန်းတွေအရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၈ ရက်နေ့ကလည်း ဧရာဝတီလင်းပိုင်တစ်ကောင် က မန္တလေးနဲ့ ကျောက်မြောင်းကြားဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်းမှာ ငါးဖမ်းပိုက်နဲ့ ငြိပြီးသေဆုံးနေတယ်လို့ WCS ကထုတ်ပြန်ထားတာဖြစ်ပြီး အဲ့ဒီလင်းပိုင်ကိုတော့ ကျောက်ခဲတုံးနဲ့ ရေထဲမြှုပ်ထားတာဖြစ်ပြီးတော့ ပုပ်လာတဲ့အချိန်မှသာ သိရှိခဲ့ရတာဖြစ်ပါတယ်။

မြန်မာနိင်ငံမှာ လင်းပိုင်တွေက မျိုးသုန်းတော့မယ့် အန္တရာယ်ကိုရင်ဆိုင်နေရပြီးတော့ ဒေသခံတွေရဲ့ ငါးဖမ်းပိုက်တွေနဲ့ ရှော့တိုက်တဲ့အန္တရာယ်တွေကနေ သေဆုံံးမှုအများဆုံံးဖြစ်နေတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က