ခုလက်ရှိမှာ ရန်ကုန် - မန္တလေးရထားကြာချိန် ၁၅ နာရီရှိပါတယ်။

ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကြား ၇ နာရီ တည်းတဲ့ ရောက်ရှိနိုင်တဲ့ ရထားလမ်းဖြစ်ဖို့အတွက် အဆင့်မြှင့်တင်မှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက သိရပါတယ်။



 

Photo - Myanmar Train





မြို့ကြီးနှစ်မြို့ကြားမှာ ရှိတဲ့ ရထားလမ်းပိုင်းကို အရင်က ရန်ကုန် - မန္တလေးခရီးစဉ်ကို ၁၅ နာရီလောက်ကြာရာကနေ ၇ နာရီလောက်နဲ့ ရောက်ရှိနိုင်မယ့် နည်းပညာကို ဂျပန်နိုင်ငံရဲ့အကူအညီနဲ့ စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ JICA က တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။



"စီမံကိန်းကာလက ၅ နှစ်လောက်ကြာနိုင်ပါတယ်။ ဒါပြီးရင်တော့ ရန်ကုန် နဲ့ မန္တလေးကြားမှာ ကုန်စည်စီးဆင်းမှုတွေ ခရီးသွားလာမှုတွေက တော်တော်မြန်သွားပါလိမ့်မယ်။"လို့ သူကပြောပါတယ်။



ရန်ကုန်- မန္တလေးရထားလမ်းသည် ကီလိုမီတာ ၆၂၀ ရှည်လျားပြီး အဆင့်မြှင်တင်မှုလုပ်ငန်းစဉ်တွေကို တပတ်အတွင်းစတင်ဆောင်ရွက်ဖို့ မြန်မာ့မီးရထား ကတာဝန်ရှိသူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။



ဂျပန်အစိုးရဟာ မြန်မာနိုင်ငံက မီးရထားလမ်းတွေအဆင့်မြှင့်တင်ဖို့အတွက် ဒေါ်လာ သန်း ၉၀၀ ထောက်ပံ့ပေးထားသလို ရန်ကုန်မှာ ရှိတဲ့ သီလဝါဆိပ်ကိမ်း၊ ရန်ကုန်မြို့ဖွံ့ဖြိုးရေးနှင့် ဆိပ်ကမ်းများဖွံ့ဖြိုးရေး၊ လျှပ်စစ်နဲ့ အခြေခံ အဆောက်အအုံပိုင်းတိုးတက်ရေးအတွက်လည်း ထောက်ပံ့ကူညီနေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က