ဒီနေ့ ၃ ယောက်ထပ်မိခဲ့တာပါ။

အလုံမြို့နယ် ဗဟိုလမ်း ခြံအမှတ် ၅၁ (ခ)က ကုမ္ပဏီတစ်ခုထဲကို လူအုပ်စုနဲ့ဝင်ပြီး အနုကြမ်းစီးသူတွေထဲက ၅ အထိဖမ်းဆီးရမိခဲ့ပြီဖြစ်တယ်လို့ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပါတယ်။



 





အနုကြမ်းစီးသူတွေဟာ ၁၀ ဦးဝန်းကျင်လောက်ရှိမယ်လို့ ပတ်ဝန်းကျင်နေသူတွေက ခန့်မှန်းကြပြီး သူတို့ထဲက ၂ ဦးကို ညတွင်းချင်းဖမ်းမိပြီး ဆက်လက်စစ်ဆေးချက်တွေအရ နောက်ထပ် ၃ ဦးကိုဖမ်းဆီးရမိခဲ့တာပါ။



အနုကြမ်းစီးသူတွေဟာ နိုဝင်ဘာ ၁၂ ရက်နေ့ ည ၇ နာရီ လောက်မှာ မျက်နှာဖုန်းတွေ စွပ်ပြီး လိုက်ထရပ်ကားနဲ့ အဲ့ဒီခြံထဲကိုဝင်ပြီး မန်နေဂျာဦးဖီးလစ် ကို သူပိုင်ဆိုင်တဲ့ လင်ခရူဆာကားနဲ့ ဖမ်းဆီးသွားတာဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ လိုက်လံစုံစမ်းချက်အရ ဖမ်းဆီးခေါ်ဆောင်ခံရသူနဲ့ ကားကို ကမာရွတ်မြို့နယ် ပြည်လမ်း တစ်နေရာမှာ ပြန်တွေ့ခဲ့ပါတယ်။



ခြံအမှတ် ၅၁ ခ မှာ နေထိုုင်သူမိသားစုုဟာ ပဲလုုပ်ငန်း၊ အင်ဂျင်ဝိုုင်ဖြန့်ဖြူးရောင်းချတဲ့လုုပ်ငန်း အပါအဝင် စီးပွားရေးများစွာလုုပ်ကိုုင်နေသူတွေလည်းဖြစ်တယ်လို့ ပတ်ဝန်းကျင်အဆိုအရ သိရပါတယ်။



ဒီအမှုနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကို မသိရသေးပေမယ့် ဆက်လက်စုံစမ်းမှုတွေပြုလုပ်နေပြီး ကျန်ရှိတရားခံတွေကို ဆက်လက်ဖမ်းဆီးဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က