ငွေ လေးသောင်းခြောက်ထောင်ကျပ်ကို ယူပြီးထွက်ပြေးခဲ့တာဖြစ်ပါတယ်။

တောင်ဥက္ကလာပ မြို့နယ်မှာ အငှားယာဉ်မောင်းကို ဓားထောက်ပြီး ငွေယူသွားတဲ့ ကျူးလွန်သူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ နိုဝင်ဘာ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

46065703_1737543996374860_7018620235527749632_n.jpg 

ဖြစ်စဉ်က နိုဝင်ဘာ ၁၁ ရက်နေ့က စူပါရုဖ်အငှားယာဉ်က ညဘက်မောင်းနှင်လာတဲ့အချိန်မှာ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းမီးပွိုင့်အနီးမှာ လူ (၂) ဦးကနေ သင်္ကန်းကျွန်းလိုင်စင်ရုံးအနီးကို ကျပ် ၂၅၀၀ နှုန်းနဲ့ ငှားရမ်းလာပြီးတော့ ရတနာလမ်းအရောက်မှာ အရှေ့ခန်းကလူက အပေါ့သွားချင်တယ်ဆိုပြီး ကျိုက္ကဆံဘုရားမုခ်ဦးအလွန်မှာ ရပ်လိုက်တဲ့အချိန်မှာ အနောက်ခန်းမှာပါလာတဲ့ သူက အငှားယာဉ်မောင်းလည်ပင်းကို ဓါးနဲ့ ထောက်ပြီးတော့ ငွေတောင်းတာကြောင့့် ဆေးလိပ်ခံခွက်ထဲထည့်ထားတဲ့ ငွေ လေးသောင်းခြောက်ထောင်ကျပ်ကို ယူပြီးထွက်ပြေးခဲ့တာဖြစ်ပါတယ်။

ထွက်ပြေးတဲ့သူနှစ်ဦးကို အငှားယာဉ်မောင်းက အကူအညီတောင်းရာကနေ လှည့်ကင်းဆောင်ရွက်နေတဲ့ ရဲတွေနဲ့ တွေ့ပြီး ၁ ဦးကို ဖမ်းဆီးနိုင်ခဲ့တာကြောင့် ဓားထောက်လုယူသူကို အရေးယူပေးဖို့ တိုင်ကြားခဲ့ပါတယ်။

ဖမ်းဆီးရမိထားသူက တောင်ဥက္ကလာပမှာနေထိုင်တဲ့ နေစိုးအောင်(ခ)ဘိုတုတ် ကို စစ်ဆေးရာမှာ တူအရင်းဖြစ်သူ ဖိုးခွား (၂၅)နှစ်လည်းပါဝင်ခဲ့တယ်လို့သိရပြီးတော့ အဲ့ဒီနေ့ မနက် ၃ နာရီမှာာပဲ တာမွေအဝိုင်းက ကုန်းတံတားအောက်မှာ တွေ့ရှိပြီးတော့ သက်သေခံငွေနဲ့ ဓါးကို ပြန်လည်သိမ်းထားနိုင်တယ်လို့ သိရပါတယ်။

 

 

Share

Loading Next Article...
က္က