သဘောတူညီမှုရခဲ့ပါတယ်။

ဂရိတ်ဝေါဖိနပ်စက်ရုံက ဆန္ဒပြနေတဲ့ အလုပ်သမား ပြဿနာကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဖြေရှင်းပေးလိုက်တယ်လို့ နိုဝင်ဘာ ၁၃ ရက်နေ့က သိရပါတယ်။

 

နိုဝင်ဘာ ၁၃ ရက်နေ့ ညနေခြောက်နာရီဝန်းကျင်က တိုင်းအစိုးရအဖွဲ့ရုံးမှာ လှိုင်သာယာမြို့နယ်က ဂရိတ်ဝေါ ဖိနပ်စက်ရုံမှာဖြစ်နေတဲ့ အလုပ်ရှင်၊အလုပ်သမား ပြသနာကို စက်ရုံတာဝန်ရှိသူတွေ၊အလုပ်သမားတွေနဲ့ တွေ့ဆုံညှိနှိုင်းပေးခဲ့တယ်လို့ သိရပါတယ်။

 

 

“ မနေ့ကတော့ ညှိနှိုင်းမှုပြီးသွားပါတယ်။ဒီနေ့ကတော့ အလုပ်ရှင်ကိုယ်တိုင်နဲ့ အပြီးသတ်ညှိနှိုင်းဖို့ စောင့်နေတာပါ။ အခုထက်ထိတော့အလုပ်ကတော့ ဆင်းဖို့ မဆင်းဖို့ မဆုံးဖြတ်ရသေးဘူး။ညှိနှိုင်းပြီးတော့မှပဲ သိမှာပါ ” လို့ ှဆန္ဒပြခေါင်းဆောင်ဖြစ်တဲ့ ကိုဇော်မင်းသိန်းက Duwun ကိုပြောပါတယ်။

ဝန်ကြီးချုပ်က စာချုပ်ပါအတိုင်း အလုပ်သမားတွေရဲ့ အခွင့်အရေးတွေရရှိဖို့အတွက် ဆက်လက်ဆောင်ရွက်ရမယ့် အခြေအနေကိုပြောပြပေးခဲ့ပြီး အလုပ်သမားတွေကလည်း သဘောတူညီချက်ရရှိခဲ့တယ်လို့ သိရပါတယ်။

စက်ရုံက အလုပ်သမားတွေကို အလုပ်ထုတ်တာလည်းမဟုတ်ဘဲ သုံးလကျော်ကြာလုပ်ခလစာမပေးတဲ့အတွက်ကြောင့် စက်ရုံရှေ့မှာ အောက်တိုဘာလဆန်းပိုင်းကတည်းက သပိတ်စခန်းဖွင့်ဆန္ဒပြနေတာဖြစ်ပြီးတော့ ညှိနှိုင်းမှုှုမရတာကြောင့် အောက်တိုဘာ ၂၂ ရက်နေ့တုန်းက အစိုးရရုံးရှေ့ကို လာရောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က