နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၂ ရက်အထိကျင်းပမှာပါ။

စင်ကာပူနိုင်ငံ ရောက်သွားသလို ခံစားရမယ့် စင်ကာပူပွဲတော်ကို နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိ ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းမှာ ကျင်းပသွားတော့မယ်လို့ စင်ကာပူခရီးသွားဘုတ်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

22339358_541729886167357_7684481524793636390_o.jpg

Photo - VisitSingapore Facebook

 

အဆိုပါပွဲတော်ကို မြန်မာနိုင်ငံမှာ ၃ ကြိမ်မြောက်အဖြစ် စင်ကာပူခရီးသွားဘုတ်အဖွဲ့က ဦးစီး ကျင်းပတာဖြစ်ပြီးတော့ စင်ကာပူနိုင်ငံရဲ့ အစားအသောက်၊မြို့ပြဒီဇိုင်း၊ အနုပညာလက်ရာတွေ၊ ရုပ်ရှင်ဂီတဖျော်ဖြေတင်ဆက်မှုတွေကနေ နိုင်ငံရဲ့ ယဉ်ကျေးမှုကို သိရှိနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။

ဒီပွဲတော်မှာ အစားအသောက်ဆိုင်ခန်း ၂၀ လောက် ပါဝင်ရောင်းချမှာဖြစ်ပြီးတော့ စင်ကာပူအစားအသောက်တွေနဲ့ မြန်မာအစားအစာတွေကို တစ်ပွဲ ၅၀၀ ကျပ်နဲ့ ရောင်းချပေးသွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စင်ကာပူ ခေတ်ပေါ်ပန်းချီပညာရှင်ခုနှစ်ဦးရဲ့ ပန်းချီနဲ့ AR နည်းပညာကို ပေါင်းစပ်ထားတဲ့

Atypical Singapore ပန်းချီပြပွဲ၊ စင်ကာပူနိုင်ငံရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ဆန်တိုဆာကျွန်း၊ Gardens by the Bay၊ Resorts World Sentosa၊ Wildfie Reserves Singapore တို့ကို အင်တာအက်တစ်နည်းပညာကတဆင့် ကြည့်ရှုခံစားဖို့အတွက် လုပ်ပေးထားတာလည်းဖြစ်ပါတယ်။

အဆိုတော်ဟဲလေးနဲ့ The Lion Cityတို့ပူးပေါင်းပြီးတော့ ဂီတ ဖျော်ဖြေတင်ဆက်မှုတွေလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က