China Daily Asia Pcific Limited နဲ့ တရုတ်ယဉ်ကျေးမှုအနုပညာမြှင့်တင်ရေး အသင်းတို့ပူးပေါင်းကျင်းပမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံက နာမည်ကျော်ပန်းချီပညာရှင်တွေရေးဆွဲထားတဲ့ လက်ရာတွေပါဝင်မယ့် နဂါးစုတ်ချက်ပေါ်က မြန်မာပန်းချီပြပွဲကို တရုတ်မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အနေနဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ Junction City မှာပြုလုပ်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။



 

5beb9438a310eff369063a19.jpeg 

အဲ့ဒီပန်းချီပြပွဲက တရုတ်-မြန်မာချစ်ကြည်ရေးယာဉ်ကျေးမှုဖလှယ်ရေးစီမံကိန်းအရ ပြုလုပ်မှာဖြစ်ပြီးတော့ China Daily Asia Pcific Limited နဲ့ တရုတ်ယဉ်ကျေးမှုအနုပညာမြှင့်တင်ရေး အသင်းတို့ပူးပေါင်းကျင်းပမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ တရုတ်ယဉ်ကျေးမှုအနုပညာမြှင့်တင်ရေးအသင်းက ပန်းချီပညာရှင် ၁၁ ဦးက မြန်မာနိုင်ငံအနှံ့လှည့်လည်ခရီးသွားနေတာဖြစ်ပြီးတော့ ရန်ကုန်၊မန္တလေး၊ပုဂံနဲ့ အင်းလေးတို့မှာရှိတဲ့ တောတောင်ရေမြေ မြင်ကွင်းတွေကို မြင်တွေ့ရတဲ့အတိုင်းရေးဆွဲမှာဖြစ်တယ်လို့ သိရပါတယ်။

ပြပွဲမှာလည်း ပန်းချီလက်ရာတွေထည့်သွင်းထားမှာဖြစ်ပြီးတော့ နိုဝင်ဘာ ၂၁ ကနေ ၂၂ ရက်နေ့မှာလည်း အများပြည်သူလေ့လာလို့ရအောင်ပြသသွားမယ်လို့ သိရပါတယ်။

ဒ့ါအပြင် ပန်းချီလက်ရာတွေနဲ့ပါတ်သတ်ပြီးမြန်မာ-တရုတ်ပန်းချီပညာရှင်အချင်းချင်းတွေ့ဆုံံပြီး အသိပညာမျှဝေပြီးနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးတိုးမြှင့်လုုပ်ဆောင်မယ်လို့ လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က