ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေကကျောင်းတွေမှာ လုပ်မှာပါ။

သဘာဝဘေးအန္တရာယ်ထိခိုက်လွယ်တဲ့ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်း၊မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာရှိတဲ့ အခြေခံပညာကျောင်း ၂၆ ကျောင်းမှာ သဘာဝဘေးအန္တရာယ် လျော့ပါးရေး စီမံချက်တွေလုပ်ဆောင်သွားမယ်လို့ ၁၈ လစီမံချက်နဲ့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။



duwun.jpg 

အဆိုပါ စီမံချက်ကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန Plan Internatinal Myanmar နဲ့ Action Aid တို့ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ယခုနှစ် ဇွန်လက စတင် လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်  မြို့နယ်က ကျောင်း ၃ ကျောင်း၊ ဒလမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ လမ်းမတော်၊ လသာမြို့နယ်တွေက ကျောင်း ၅ ကျောင်း၊ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ ကျောင်း ၁ ကျောင်းနဲ့ ရခိုင်ပြည်နယ်မင်းပြားမြို့နယ်မှာရှိတဲ့ ကျောင်း ၁၅ ကျောင်းတို့မှာ စာသင်ကျောင်း ဘေးကင်းလုံခြုံရေးလုပ်ငန်းတွေကို ပြုလုပ်သွားမယ်လို့ Plan International Myanmar မှ Resilience Specialist မစုအိနန္ဒာက Duwun ကိုပြောပါတယ်။

 

“သဘာဝဘေးအန္တရာယ် အသိပညာပေးသင်ရိုးတွေကိုလည်း မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့သင်ရိုးညွှန်းတမ်းတွေလုပ်မယ်။ ကျောင်းရဲ့ ဘေးကင်းနိုင်မှု၊ထိခိုက်နိုင်မှု တွေကိုဆန်းစစ်မယ်။ ကလေးတွေကိုယ်တိုင် လုပ်ဆောင်နိုင်အောင် အရေးပေါ်အခြေအနေတွေမှာ ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကိုလည်း မီးသတ်ဌာန၊ မိုးဇလ၊ကြက်ခြေနီတို့နဲ့ပူးပေါင်းပြီးသင်တန်းတွေပေးမယ်။သဏ္ဍာန်တူလေ့ကျင့်ခန်းတွေလည်း လေ့ကျင့်မယ်။ အသေးစိတ်ပါဝင်ပါတယ်” လို့ Plan Internatinal Myanmar မှ Resilience Specialist မစုအိနန္ဒာက ရှင်းပြပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးအသိပညာပေးလုပ်ငန်းတွေကိုတော့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အခြေခံပညာကျောင်းပေါင်း ၁၂၀ ကျောင်းမှာ ပြုလုပ်နေပြီး ဆရာဆရာမတွေကို သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆရာဖြစ်သင်တန်းတွေကို သင်ကြားပေးခဲ့ပြီး ဆင့်ပွားသင်တန်းတွေလည်း ပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။

အာရှဒေသမှာ လစဉ် စာသင်ကျောင်း ၂၃၀ လောက်မှာ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရာ  နှစ်စဉ် ကျောင်းသား ဦးရေ ၂ သိန်း ၇ သောင်းကျော်ဟာ သဘာဝဘေးဒဏ်ကို ခံစားနေရပြီး ၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ရေဘေးအန္တရာယ်အရ မြန်မာနိုင်ငံမှာ ရှိတဲ့ စာသင်ကျောင်းပေါင်း ၄၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်တမ်းတွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က