ဓါတ်ခဲ မီး ဟာ နာမည်ကြီး မီးပုံးပျံဖြစ်ပါတယ်။

တောင်ကြီးမီးပုံပျံ ဖွင့်ပွဲနေ့ စတင်တဲ့ နိုဝင်ဘာ ၁၄ ရက် ညပိုင်းက လွှတ်တင်လိုက်တဲ့ နာမည်ကြီး ညမင်းကြီး အမျိုးအစား “ ဓာတ်ခဲမီး” ပြုတ်ကျပြီးတော့ အနည်းဆုံး လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေက Duwun ကိုပြောပါတယ်။

 

46168502_361597227746477_97940922389495808_n.jpg

Photo - Htun Htun

 

နိုဝင်ဘာ ၁၄ ရက် ည ၉ နာရီ ၄၅ မိနစ်လောက်က ဖြစ်ပွားခဲ့ပြီး မီးပုံးပျံ လွှတ်တင်လိုက်ပြီးုနောက် မီးပုံးပျံက အောက်ခြေကနေ ကိုက် ၁၀၀ လောက်အရောက်မှာ ယမ်းခွေ ပြုတ်ကျခဲ့ရာ အောက်မှာ ကြည့်ရှုနေတဲ့ ပရိသတ်တွေကြား ပြုတ်ကျခဲ့တာလို့ သိရပါတယ်။

“မီးပုံးပျံ အောက်က ယမ်းခွေပြတ်ကျခဲ့ပြီးတော့ မီးပုံးပျံကြီး ပြုတ်ကျသွားတာပါ။ လူနှစ်ယောက်တော့ ထိခိုက်ဒဏ်ရာရသွားတယ်။ သေဆုံးမှုတော့မရှိပါဘူး။” လို့ တောင်ကြီးမြို့မှ ဒေသခံ NLD ပါတီဝင် ဦးအောင်ကျော်နိုင်က Duwun ကိုပြောပါတယ်။

Photo - Htun Htun

 

ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးအနက် တစ်ဦးမှာ တစ်ကိုယ်လုံး နီးပါးဒဏ်ရာတွေရရှိခဲ့ပြီးတော့ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်။ တောင်ကြီးမြို့ မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်ကနေ နိုဝင်ဘာ ၂၂ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီးညမီးကြီး ၈၁ လုံး၊ စိန်နားပန် ၄၂ လုံး၊ ခြေ (၂) ချောင်း ၁၅၉ လုံး၊ ခြေ (၄) ချောင်း ၉၀ လုံး၊ အုပ်စု ၄၂ လုံးနဲ့ ညလွှတ်မီး စုစုပေါင်း ၁၂၃ လုံး နဲ့ နေ့လွှတ်အရုပ် စုစုပေါင်း ၂၉၁ လုံး ပေါင်း ၄၁၄ လုံး လွှတ်တင်ပြီး ကျင်းပသွားမယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က