အပ်ဝယ်ရာမှာလည်း အခက်အခဲတွေရှိနေပါတယ်။

မြန်မာနိုင်ငံမှာအပ်စိုက်ကုပညာသင်ကြားထားသူပေါင်း အယောက် ၃၀၀ ကျော်ရှိတယ်လို့ နိုဝင်ဘာ ၁၅ ရက်နေ့မှာပြုလုပ်တဲ့ မြန်မာမှာပထမဆုံးကျင်းပခဲ့တဲ့ ကမ္ဘာ့အပ်စိုက်ကုအခမ်းအနားကနေ သိရပါတယ်။

 

aaaaaa (1).JPG 

“အပ်ကိုသန့်အောင်ထားဖို့လိုတယ်။ကိုင်မယ့်သူရဲ့လက်ကလည်းသန့်ဖို့လိုတယ်။အပ်စိုက်ကုပညာပိုထွန်းကားလာအောင်လုပ်ဖို့လိုတယ်။အခုကတော့ မြန်မာနိုင်ငံအနှံ့သင်ပြီးတဲ့သင်တန်းသားသင်တန်းသူပေါင်း ၃၀၀ကျော်ရှိပါတယ်။ လွှတ်တော်အထိလည်း ဥပဒေဖြစ်လာအာင်တင်ထားတယ်။ ဘယ်လိုလုပ်မလဲဆိုတာကတော့ သူတို့ချပေးတဲ့အပေါ်မူတည်တာပေါ့လေ ။ဒီပွဲလုပ်တာကလည်း အားလုံးရဲ့ အစသတိပြုမိအောင်ပေါ့ ” လို့ မြန်မာနိုင်ငံအပ်စိုက်ကုပညာရှင်များအသင်းက နာယက ဦးမောင်မောင်လှိုင်က ပြောပါတယ်။

အပ်စိုက်ကုတယ်ဆိုတာက ရောဂါခံစားနေရမှုတွေကို အပ်နဲ့ စိုက်ကုသပေးတာဖြစ်ပြီးတော့ တရုတ်ရိုးရာနည်းကနေဆင်းသက်လာတာပါ။ မြန်မာနိုင်ငံမှာတော့ ၁၉၇၀ ခုနှစ်ဝန်းကျင်လောက်မှာ စတင်ပြန့်နှံ့ခဲ့ပြီးတော့ ပညာရှင်တွေကနေတစ်ဆင့် လက်ဆင့်ကမ်းမျှဝေခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအပ်စိုက်ကုပညာရှင်အသင်းအနေနဲ့လည်း သင်တန်းပေးတာတွေ ၉ ကြိမ်အထိပြုလုပ်ဖူးတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒီကုသနည်းနဲ့ပါတ်သတ်ပြီးတော့ လွှတ်တော်အထိတင်ထားပြီးတော့ နောက်ပိုင်းမှာတရားဝင်ဥပဒေတွေနဲ့ လုပ်ကိုင်နိုင်တဲ့အထိလုပ်ဆောင်ဖို့ရည်ရွယ်ထားတယ်ပြောပါတယ်။

မြန်မာနိုင်ငံမှာအပ်စိုက်ကုတဲ့ပညာကို သိသူနည်းပါးနေတာဖြစ်ပြီးတော့ တစ်ခါသုံးအပ်ဝယ်ရတာနဲ့ အရည်အသွေးပြည့်မီတဲ့အပ်တွေကို ဝယ်ယူရရှိဖို့က အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

Share

Loading Next Article...
က္က