ဖုန်းခိုးသူအမျိုးသားတစ်ဦးနဲ့ တူနေတယ်ဆိုပြီးတော့ မှားယွင်းဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အလုံမြို့နယ်မှာ လုပ်ငန်းရှင်တစ်ဦးကို ရဲတပ်ဖွဲ့ကနေပြီးတော့ တရားခံနဲ့ မှားပြီးတော့ ဖမ်းဆီးနှိပ်စက်ခဲ့တယ်ဆိုတဲ့ ရဲဝန်ထမ်းတွေကို ခုံရုံးဖွဲ့ပြီးတော့ စစ်ဆေးနေတယ်လို့ ကာယကံရှင်ဖြစ်သူ ကိုအောင်စိုးထိုက်က Duwun ကိုနိုဝင်ဘာ ၁၆ ရက်နေ့က ပြောပါတယ်

 

အလုံမြို့နယ်မှာနေထိုင်သူ ကိုအောင်စိုးထိုက်ကို နိုဝင်ဘာ ၉ ရက်နေ့ညနေပိုင်းက သမီးဖြစ်သူကို ကျောင်းသွားကြိုဖို့ လုပ်နေတဲ့အချိန်မှာ အရပ်ဝတ်နဲ့ ရဲတွေက  CCTV ထဲမှာတွေ့တဲ့ ဖုန်းခိုးသူအမျိုးသားတစ်ဦးနဲ့ တူနေတယ်ဆိုပြီးတော့ မှားယွင်းဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

“ ဒီဖြစ်စဉ်နဲ့ ပါတ်သတ်ပြီးတော့ ရဲတပ်သားတွေကို အရေးယူနိုင်ဖို့ ခုံရုံးဖွဲ့လိုက်တယ်။အကို့ကို ပထမဆုံးခေါ်စစ်တယ်။လမ်းမတော်မြို့နယ်က ဦးဆောင်ပြီးတော့စစ်ဆေးတယ်လို့ သိရပါတယ်။အကို့ကို စစ်ပြီးတော့ အကို့ကိုကျူးလွန်တဲ့ရဲတပ်သားတွေကိုစစ်တယ်။ဖြစ်စဉ်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ စစ်ဆေးတယ်လို့ပြောပါတယ်။စီအိုင်ဒီကလည်း စနေနေ့ ကိုးနာရီခွဲမှာပဲထပ်စစ်မယ်လို့ ပြောပါတယ်။” လို့သူကပြောပါတယ်။

သူ့ကို မှားယွင်းဖမ်းဆီးတဲ့အပြင် တရားခံပါလို့ အတင်းဝန်ခံခိုင်းတာ၊ပုံစံအတင်းအကျပ်ထိုင်ခိုင်းတာ၊ရိုက်နှက်တာတွေကို ပါရဲဝန်ထမ်းတွေက ပြုလုပ်ခဲ့တယ်လို့ သူကေ ပြာပါတယ်။

ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ ရဲတွေက အရက်မူးနေတယ်လို့ သူကပြောထားပြီးတော့ ၅ နာရီကြာနီးပါးဖမ်းဆီးစစ်ဆေးပြီးတော့မှ လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။

ကျူးလွန်ခံရသူအနေနဲ့ ဒီဖြစ်စဉ်အပေါ်ကို နောင်အခုလိုအဖြစ်အပျက်မျိုးထပ်မဖြစ်တော့အောင်ဖြစ်စေချင်ဘူးလို့လည်းပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပါတ်သတ်ပြီး တော့လူမှုကွန်ယက်မှာလည်း ဝေဖန်မှုတွေများခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က