အရည်အသွေးပြည့်မီမှုလျှောက်လွှာ ၁၂ စောင်လက်ခံရရှိထားတယ်လို့ သိရပါတယ်။

ရန်ကုန်မိုးပျံလမ်းမကြီးစီမံကိန်းအပိုင်း (၁)အတွက်အရည်အသွေးပြည့်မီမှုလျှောက်လွှာတင်သွင်းထားတဲ့ကုမ္ပဏီ ၁၂ ခုရှိနေပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ နိုဝင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။



 

35553436_1056227631220231_7275626431365775360_o.jpg

Photo - Ministry of Construction

 

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းပြီးတော့ Public Private Partnership အစီအစဉ်နဲ့ အကောင်အထည်ဖော်မယ့် ရန်ကုန်မိုးပျံလမ်းမစီမံကိန်း project အပိုင်း ၁ အတွက် စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီကဆန်ကာတင် အရည်အသွေးပြည့်မီမှုလျှောက်လွှာ ၁၂ စောင်လက်ခံရရှိထားတယ်လို့ သိရပါတယ်။

တင်သွင်းဖို့သတ်မှတ်ထားတဲ့ရက်ကို ၂၀၁၈ နိုဝင်ဘာ ၁၃ ရက်နေ့သတ်မှတိထားတာဖြစ်ပြီးတော့ အဆိုပါကုမ္ပဏီ ၁၂ခုက ဆန်ကာတင်စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။

လျှောက်လွှာအများစုမှာ တရုတ်ကုမ္ပဏီအများစုပါဝင်နေတာဖြစ်ပြီးတော့ ပြင်သစ်က VINCI Highways ၊ ကိုရီးယားက Team Korea Consortium ၊ တရုတ်က China Communication Construction Company ၊ ထိုင်း၊ဂျပန်၊မြန်မာပါဝင်တဲ့  BSSIC Consortium ၊ တရုတ်က CRIG-CDL Consortium ၊ တရုတ်-မြန်မာ ကုမ္ပဏီဖြစ်တဲ့ Shanghai Pengxin ၊ ဖိလစ်ပိုင်က Metro Pacific Tollways Coportation ၊ တရုတ်က China Gezhouba Group ၊ ထိုင်းနဲ့ တရုတ်ဖက်စပ်ပါဝင်တဲ့ ITD- CSI JV ၊ တရုတ်မြန်မာ Denso- CSCEC Consortium ၊  တရုတ်က Power Construction Corporation တို့ က ဆန်ကာတင်စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။

မိုင် ၃၀ ခန့်ရှိတဲ့ မိုးပျံအမြန်လမ်းမကြီးကို ရန်ကုန်မြို့တွင်းအပါအဝင်၊အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မင်္ဂလာဒုံစက်မှုဇုန် တို့ကို ချိတ်ဆက်သွားလာနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က