ကျပ် သိန်းပေါင်း ၃၈၀၀၀ ကျော်ဖိုးတန်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၆ နာရီကျော်လောက်က အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ မ-၂၀(က)က ဂိုထောင်ထဲက ရဲတပ်ဖွဲ့ဝင်တွေက သတင်းအရ ဝင်ရောက်ရှာဖွေရမှာ စိတ်ကြွဆေးပြား ၁.၅ သန်းကျော်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။



Photo - CCDAC Myanmar

 



ဂိုထောင်ထဲမှ ရပ်ထားတဲ့ TOYOTA VIGO မော်တော်ယာဉ် နောက်ခန်းကြမ်းခင်း အံဝှက်ထဲမှာ ထည့်ဖွက်ထားတာဖြစ်ပြီး စုစုပေါင်း ၁၅၄၉၆၀၀ ပြားဖမ်းဆီရမိခဲ့တာဖြစ်တယ်လို့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတားဆီးနှိမ်နင်းရေးဗဟိုက နိုဝင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။



ဖမ်းမိတဲ့ ဆေးပြားတွေဟာ ကာလတန်ဖိုးနဲ့ ဆိုရင် ကျပ်သိန်းပေါင်း သုံးသောင်းရှစ်ထောင်ကျော်ဖိုးလောက်ရှိပြီး နိုဝင်ဘာ ၁၃ ရက်နေ့က ညောင်ကျိုး စစ်ဆေးရေဂိတ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သတင်းကနေ ဆက်စပ်ပြီးဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

 

Photo - CCDAC Myanmar



နိုဝင်ဘာ ၁၃ ရက်နေ့လည်း ညောင်းကျိုးစစ်ဆေးရေးဂိတ်မှ ဥသျစ်ပင်ဖက်ကနေ တောင်ကုတ်ဖက်ကိုမောင်းနှင်လာတဲ့ကားကိုစစ်ဆေးရာမှာ ကားနောက်ခန်းကြမ်းခင်းထဲမှာ ထည့်လာတဲ့ WY စိတ်ကြွဆေးပြား ၁၈ သိန်းကိုဖမ်းဆီးရမိခဲ့ပါသေးတယ်။



ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူ ဒေါ်နန်းမိုဟွမ်နှင့် စိုင်းသိန်းနိုင်တို့ကို အရေးယူနိုင်ဖို့အတွက် အင်းစိန်မြို့မရဲစခန်းမှာ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က