ထုတ်လုပ်မယ်ဆိုရင်တော့ အဲ့ဒီဈေးနှုန်းထက်လျော့နည်းနိုင်တယ်လို့ သူကပြောပါတယ်။

မိတ္ထီလာ၊ရန်မျိုးအောင်ရပ်ကွက်မှာနေထိုင်တဲ့ ကိုမျိုးဇော်ဦးက ဆိုင်ကယ်အင်ဂျင်နဲ့ပြုလုပ်တဲ့အိမ်စီးကားကို တီထွင်ခဲ့ပါတယ်။



46207827_2210134169266026_1705294040204836864_n.jpg 

တန်ဖိုးအားဖြင့် ၁၆ သိန်းခန့်ကုန်ကျတာဖြစ်ပြီးတော့ ပစ္စည်းတွေကို တစ်ခုချင်းစီဝယ်ရတာကြောင့် ဒီလောက်နှုန်းထားကုန်ကျတာဖြစ်ပြီး ထုတ်လုပ်မယ်ဆိုရင်တော့ အဲ့ဒီဈေးနှုန်းထက်လျော့နည်းနိုင်တယ်လို့ သူကပြောပါတယ်။

“ပစ္စည်းတန်ဖိုးက ၁၆ သိန်းလောက်ကျတယ်။ထုတ်လုပ်မှုလုပ်ရင်တော့အဲ့လောက်မကျလောက်ဘူး။ အခုက တစ်ခုလိုရင်တစ်ခု တစ်နေရာသွားဝယ်ရတော့ အချိန်ပိုကြာတယ်။ပစ္စည်းဖိုးက အခု ၁၆ သိန်းကျပါတယ်။နှစ်ယောက်စီးကားပါပဲ။နောက်ဘက်မှာလည်း သုံးပေခွဲလောက်ကျယ်ပါသေးတယ်။ဒါကိုထုတ်ဖို့က ဘယ်ကိုလိုက်ရမှန်းမသိတာ။ဒုတိယကားတုန်းကတော့ ကညနပြတယ်။ရုံးတွေလိုက်ပြတော့ သူတို့တော့ ဘယ်သွားဘယ်သွားပြောပေမယ့် ဒါဘယ်ကိုသွားရမှန်းကျွန်တော်မသိဘူး။စက်မှုဇုန်တွေကလည်း ထုတ်တာတွေသိမ်းလိုက်လို့ မရဘူးပြောတယ်။ကျွန်တော်က တန်ဖိုးနည်းပြီးလူတိုင်းကို လွယ်လွယ်ကူကူနဲ့ စီးစေချင်လို့ပါ ” လို့ ကိုဇော်မျိုးဦးက Duwun ကိုပြောပါတယ်။

သူ့အနေနဲ့ အရင်ကလည်းဒီလိုကားမျိုးနှစ်စီးခန့်တီထွင်စမ်းသပ်ခဲ့ဖူးပြီးတောဒါက သုံးစီးမြောက်ကားလည်းဖြစ်ပါတယ်။ဒီကားကိုတော့ ဆိုင်ကယ်အင်ဂျင်နဲ့ ဂီယာကိုလည်း သုံးဘီးဆိုင်ကယ်ကနေ ယူထားတယ်လို့ ပြောပါတယ်။

ဓါတ်ဆီတစ်ဂါလံကို ၅၅မိုင်အထိသွားနိုင်ပြီးတော့ လက်ခမပါဘဲနဲ့ ၁၆ သိန်းကုန်ကျတယ်လို့လည်း ပြောပါတယ်။

ဒီကားကိုတော့ ပြီးခဲ့တဲ့ မတ်လတုန်းက စတင်တပ်ဆင်ခဲ့တာဖြစ်ပြီးတော့ နိုဝင်ဘာလမှာပဲ တပ်ဆင်ပြီးစီးခဲ့တာဖြစ်ပြီး အခြားအလုပ်တစ်ဖက်နဲ့ လုပ်ရတာဖြစ်လို့ တကယ်တပ်ဆင်စမ်းသပ်မယ်ဆိုရင်တော့ အဲ့ဒီအချိန်ထက်ပိုနည်းနိုင်မယ်လို့လည်းပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က