ပျော်စရာ တန်ဆောင်တိုင်ဖြစ်ကြပါစေ။

တန်ဆောင်တိုင်ပွဲတော်အခါသမယ ရုံးပိတ်ရက်မှာ သူများတွေ ခရီးသွားပေမယ့် ရန်ကုန်မှာပဲ ကျန်ခဲ့တဲ့ သူတွေအတွက် တန်ဆောင်တိုင်ပွဲတော်ရက်အတွင်းမှာ သွားရောက်လည်ပတ်လို့ရမယ့် ပွဲတော်နဲ့ အထူးပြုလုပ်တဲ့ အခမ်းအနားနေရာတွေကို Duwun က စုစည်းတင်ပြပေးလိုက်ပါတယ်။



၁။ ရန်ကုန်မှာ ဆေးပေါင်းခကြမယ့်ည

အဆိုတော် ဇော်ဝင်းထွဋ်က နှစ်စဉ်တန်ဆောင်မုန်း လပြည့်ညတိုင်းမှာဖျော်ဖြေပွဲ တွေပြုလုပ်ဖြစ်သလို ဒီနှစ်မှာလည်း ဆေးပေါင်းခတဲ့ရန်ကုန်ည အမည်နဲ့ဖျော်ဖြေပွဲပြုလုပ်မယ်လို့သိရပါတယ်။ အဲ့ဒီပွဲကို နိုဝင်ဘာ ၂၂ ရက်ညမှာ သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်မှာဖြစ်ပြီးတော့ ဇော်ဝင်းထွဋ်နဲ့ အတူ ရင်ဂို၊ စည် သူလွင်၊ Big Bag၊ အီတိုး တို့ပါဝင်ပြီးဖျော်ဖြေသွားမယ်လို့သိရပါတယ်။

 

ဖျော်ဖြေပွဲလက်မှတ်တွေကတော့ ကျပ်တစ်သောင်း၊ သုံးသောင်း၊ ငါးသောင်းနဲ့ ခုနစ်သောင်း သတ်မှတ်ထားပြီး မန်းသီရိတေးသံ သွင်း၊ Myanpwel Online Ticketing, MMTIX နှင့် Stellar Seven Entertainment တို့မှာဝယ်ယူနိုင်တယ်လို့သိရပါတယ်။

၂။ Rock ပရိတ်သတ်တွေအတွက် IC Show

Iron Cross အဖွဲ့ကတော့ ဒီနှစ်တန်ဆောင်တိုင်ကို ဂီတတွေနဲ့ အတူ မျှော်စင်ကျွန်းမှာ ဖြတ်သန်းမှာဖြစ်ပါတယ်။ IC ပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီမှာ စတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းကတော့ တစ်စောင်ကို ၁၀၀၀၀ ကျပ်နှုန်းသတ်မှတ်ထားပြီး Myanpwel Online Ticketing ကနေဝယ်ယူနိုင်သလို ရန်ကုန် Citymart နဲ့ မြေနီကုန်း Citymart တို့မှာ ဝယ်ယူနိုင်တယ်လို့သိရပါတယ်။

၃။ အကြိမ် ၈၀ မြောက် လမ်းမတော်ပွဲဈေး

နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်တဲ့ လမ်းမတော်မြို့နယ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၅ ရက်ကျင်းပမှာဖြစ်ပြီး ဂီတဖျော်ဖြေပွဲတွေနဲ့ စည်စည်ကားကားကျင်းပမှာဖြစ်ပါတယ်။

Photo - Ko Nge



အဆိုတော်ယုံလေး၊ တင်ဦးလေး၊ ချိုပြုံး၊ ပိုးအိစံ၊ ရွှေယမင်းဦး၊ ယဉ်ဝေယံထွန်း၊ မို့မို့ ကျော်လွင်၊ ဝိုင်းလမင်းအောင်၊ ရွှေမြိုင် မောင်အုံး (ဓာတ်ပြားခေတ်)၊ ကေသီအုံး၊ ပွင့်စံပယ်၊ ယဉ်ယဉ်နု၊ ကျော်လွင်၊ မာမာအေး တို့အပါအဝင် အငြိမ့်အဖွဲ့တွေကလည်း ဖျော်ဖြေကြမယ်လို့သိရပါတယ်။

ပွဲဈေးတန်းဟာဆိုရင် လမ်းမတော်လမ်း ကနေ ၁ လမ်းအထိ အနော်ရထားလမ်းမကြီးတစ်လျောက်ကျင်းပမှာဖြစ်ပြီး ဒီနှစ် ဆိုရင် အကြိမ် ၈၀ မြောက်ကျင်းပတာလည်းဖြစ်လို့ အထူးစည်ကားဖွယ်ရှိပါတယ်။

၄။ ပရီမီယာ တန်ဆောင်တိုင်

ပရီမီယာကော်ဖီရဲ့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာလ ၂၁ရက်နဲ့ ၂၂ရက်နေ့တို့မှာ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံမှာ ညနေ ၆ နာရီက ည ၁၁ နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။ 



ပွဲမှာမြန်မာရိုးရာအကအလှများနဲ့ အတူ အဆိုတော်များဖြစ်တဲ့ မြန်မာပြည်သိန်းတန်၊ R ဇာနည်၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ J Fire၊ ထွန်းနောင်ဆင့်၊ နီနီခင်ဇော်၊ ဖြူဖြူကျော်သိန်း၊ နန့်ချစ်နဒီဇော် နဲ့ ပြုံးမြသွယ်တို့က ဖျော်ဖြေပေးသွားမှာဖြစ်ပြီးတော့ ပရီမီယာကော်ဖီကလည်း စတုဒီသာမဏ္ဍပ်တွေနဲ့ နှစ်ရက်လုံးမှာ ကျွေးမွေး ဧည့်ခံသွားမယ်လို့သိရပါတယ်။

၅။ ရုပ်သေးပွဲတော်

ရုပ်သေးပွဲတော် ကို ပြည်သူ့ရင်ပြင်က စမ်းချောင်း Food Town မှာ ကျင်းပနေတာဖြစ်ပြီးတော့ ပွဲကတော့ နိုဝင်ဘာ ၁၆ ရက်နေ့က နေ ၂၆ ရက်နေ့အထိ ကျင်းပနေတာပါ။

Photo - Sanchaung Food Town



သူငယ်တော်ရုပ်၊ မင်းသမီး ရုပ်၊ ဇော်ဂျီ ရုပ်၊ ဘီလူးရုပ်၊ ဘုရင်ရုပ်၊ စစ်သူကြီး ရုပ်၊ ဘုရင် ဘုရင်မ ရုပ်၊ ဖိုးဝရုပ်၊ တောင်သူလယ်သမားရုပ်၊ မျောက်နဂါး ၊ကျား ၊ တုံးလုံးရုပ် စသဖြင့် ရုပ်သေးရုပ်တွေ စုံနေအောင် မြင်တွေ့ရမှာဖြစ်ပြီး ဓါတ်ပုံလှလှရိုက်နိုင်သလို စားသောက်စရာတွေလည်း ရောင်းချပေးတာကြောင့် တန်ဆောင်တိုင် ရုံးပိတ်ရက်တွေမှာ သွားလည်လို့ သင့်တော်ပါတယ်။ ပြည်သူ့ရင်ပြင်၊ ဓမ္မာစေတီလမ်း အပေါက် - စမ်းချောင်းရဲစခန်းရှေ့၊ Happy Zone နားအပေါက်က ဝင်ရမှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က