၃ ယောက်က ထိုးကြိတ် ဓါးနဲ့ ထိုးပြီးသတ်ခဲ့တာပါ။
ကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသား မောင်နေမင်းထက် အသတ်ခံရမှုမှာနဲ့ ပတ်သက်ပြီးကျူးလွန်သူတွေကို သေဒဏ်အပါအဝင်နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။



Photo - Win Myint San



 

ကျူးလွန်သူတရားခံ ၃ ဦးအနက် ဓားနဲ့ ထိုးသတ်ခဲ့သူ အောင်သူဟိန်းကို သေဒဏ်ချမှတ်ခဲ့ပြီး ကျူးလွန်ရာမှာ ပါဝင်သူနှစ်ယောက်ဖြစ်တဲ့ အလီဘိုင်(ခ)မင်းခန့်ကျော်ကို ထာင်ဒဏ် ၂၁နှစ် နဲ့ မင်းချစ်အောင်(ခ)ဖိုးချစ် ကို ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၂၀ နှစ်စီ အသီးသီးပြစ်ဒဏ်တွေချခဲ့တယ်လို့ တရားလိုရှေ့နေဦးသူရထွန်းက Duwun ကိုပြောပါတယ်။

ကျူးလွန်သူတရားခံ ၃ ဦးဖြစ်သော တရားခံအလီဘိုင်(ခ)မင်းခန့်ကျော်အား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၁)(ဂ)/၁၁၄၊ ၃၂၃ အရ၊ တရားခံ အောင်သူဟိန်းကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၁)(ဂ)အရ၊ တရားခံ မင်းချစ်အောင်(ခ)ဖိုးချစ်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၁)(ဂ)/၁၁၄ အရ၊ အသီးသီးစွဲချက်တင်ခဲ့ပြီး တရားခံပြသက်သေများကို ဆက်လက်စစ်ဆေးခဲ့ပြီးနောက် နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကျောက်ဆည်ခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။

ကျောက်ဆည် နည်းပညာတက္ကသိုလ်က တတိယနှစ် Mechanical ကျောင်းသား မောင်နေမင်းထက်ကို သြဂုတ်(၂၉) ရက် ညပိုင်းက လူ ၃ယောက်က ဖုန်းလုယက်ဖို့ကြိုးစားရင်း ရိုက်နက်ထိုးကြိတ်ပြီးဓါးနဲ့ ထိုးသတ်ခဲ့တာကြောင့် နေရာမှာ တင်သေဆုံးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က