KLUGER ယာဉ်အနောက်ခန်းကနေ တွေ့ရှိတာဖြစ်ပါတယ်။

စစ်တွေက ရေချမ်းပြင်ဆိပ်ကမ်းက အငူမော်ဆိပ်ကမ်းကို ထွက်ခွာမယ့် ရခိုင့်စီးပွားရေးဦးဆောင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီပိုင် ကမ်းထိုးဇက်ရေယာဉ်ပေါ်ကနေ မူးယစ်ဆေးပြားပေါင်း ၆ သိန်း ၂ သောင်းကို ဖမ်းမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်နေ့ကထုတ်ပြန်ပါတယ်။

46482508_2759632327395697_2303911433571663872_n.jpg 

နိုဝင်ဘာ ၁၉ ရက်နေ့ မနက်၇ နာရီခွဲခန့်က ရေချမ်းပြင်ဆိပ်ကမ်းကနေ အငူမော်ဆိပ်ကမ်းကို ထွက်ခွာမယ့် အဆိုပါ ကမ်းထိုးဇက်ရေယာဉ်ပေါ်ကို ရှာဖွေရာမှာတော့ ဇက်ရေယာဉ်ပေါ်မှာ တင်ဆောင်ထားတဲ့ ယာဉ်မောင်း ကျော်နိုင်မောင်တောမြို့နယ်နေသူ မောင်းနှင်လာတဲ့ KLUGER ယာဉ်အနောက်ခန်းကနေ တွေ့ရှိတာဖြစ်ပါတယ်။

ယာဉ်အနောက်ခန်းအံဝှက်အတွင်းကနေ သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၀၀၀၀ ပြား တစ်ပြားလျှင် ငွေကျပ် ၃၀၀၀ နှုန်းနဲ့ ငွေကျပ် သိန်း ၁၈၀၀ ကျော်တန်ဖိုးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမူးယစ်ဆေးပြားတွေတွေ့ရှိတာကြောင့် စစ်တွေမြို့မရဲစခန်းကနေ မူးယစ်(ပ) ၆၀/၂၀၁၈ ၊မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က